System space

1.4K 102 7
                                    

Unicode

System space  တွင် ပိုင်ပိိုင်တစ်ယောက် သူ့ host ကိုမျှော်နေသည်။ ပုံရိပ်ယောင်ကမ္ဘာနဲ့ space ကူးပြောင်းရာတွင် မိနစ်အနည်းငယ်မျှကြာတာကြောင့် ပိုင်ပိုင်စောင့်နေခြင်းပင်။ ခဏအကြာတော့ host ရောက်လာသည်။ host မျက်နှာက အနည်းငယ်ညိုးနေတာကြောင့် ဘာဖြစ်နေလဲဆိုတာ ပိုင်ပိုင်သိလိုက်ရပြီ ။

[  ပြန်လည်ကြိုဆိုပါတယ် host ]

' အမ်း '

[ mission တွေအားလုံးအောင်မြင်လို့ point 1000 ရပါတယ် host ]

' ဟမ် side mission ရှိတယ်လေ မင်းတို့ခိုင်းတဲ့ သောက်သုံးမကျတဲ့ side mission '
ဒေါသထွက်သံနဲ့ ပြောလိုက်တဲ့ host ကြောင့် ပိုင်ပိုင်လေးခဗျာ လန့်တောင်လန့်သွားသည်။

[ ဟီး host ကလဲ ဆုံးအောင်နားထောင်လေ side mission ကသက်သက် main နဲ့မဆိုင်ဘူး ]

' ဟင်း ဟင်း '

[ ကိုယ်ရေး အကျဥ်းပြပါမယ် host ]

ပိုင်ပိုင်ပြောပြီးနောက် သူ (ထူးခန့်ပိုင်) ရှေ့တွင်ပေါ်လာတဲ့ tv အပြားကြီး ထိုအပေါ်တွင်

အမည် - ထူးခန့်ပိုင်
အသက် - ၂၀
လိင် - ကျား
လိင်ညွတ်တိမ်းမှု -
တက်မြောက်ပညာ - မှတ်ဥာဏ်စနစ်
ပြီးမြောက်ကမ္ဘာ - 1
Main mission point - 1000
Side mission point - 500
သိုလှောင်ပစ္စည်း - အသက်ကယ်ဆေးတစ်ဘူး

[ နောက်ကမ္ဘာကိုမသွားခင် အနားယူဦးမလား host ]

' မနားတော့ဘူး ဆက်သွားမယ် '

[ ဟုတ်ကဲ့ host နောက်ကမ္ဘာသွားဖို့ ပညာသင်ယူရပါမယ် အဲ့တာကတော့ အထက်လမ်းပညာပါ ]

' ပိုင်ပိုင် ငါ့ကိုသရဲနှင်ခိုင်းမလို့လား '

[ ပိုင်ပိုင်လဲ မသိဘူးလေ အထက်ကခိုင်းတာကို ]

' ထားတော့ ဟိုတံခါးထဲဝင်ရမှာမလား '

[ ဟုတ်ပါတယ် host ]

၅ နှစ်အကြာ

[ ကြိုဆိုပါတယ် host မျက်နှာကဘာတွေလဲ အင်္ကျီကလဲစုတ်ပြတ်နေတာပဲ သွားသွားရေချိုး ပိုင်ပိုင်ကညစ်ပတ်ရင်မကြိုက်ဘူး ]

' ဒီဖေ မင်းပဲသင်ခိုင်းတာလေ '

[ ပိုင်ပိုင်မဟုတ်ပါဘူးဆို ]

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now