အခန်း - ၁

1K 31 0
                                    

မေတ္တာတရားမှာပိုင်ဆိုင်ရယူလိုစိတ်ဟူသောအတ္တကိုလက်ဖက်ရည်ဇွန်းသာသာမျှခပ်ခဲ့မိလို့ ခံစားရတာရူးမတတ်ပါပဲ။မိန်းကလေးချင်းဖြစ်ပါရဲ့နဲ့တောင်ထိုအမျိုးသမီးရဲ့အလှမှာနစ်မွန်းခဲ့ရတာ။ကိုယ်တိုင်တောင်သေသေချာချာနားမလည်ခဲ့သည့်အချစ်ဆိုသည့်အရာအား ထိုအမျိုးသမီးနဲ့မှခံစားမိသည်ကား အလွန်တရာမှရယ်စရာကောင်းနေလိမ့်မည်။သို့ပေသည့် နက်နက်ရှိုင်းရှိုင်းချစ်မိသည်ကားအမှန်အကန်ပင်။

                                          🌸

ဒီနေ့ဆယ်တန်းစာမေးပွဲပြီးလို့ သူငယ်ချင်းတွေနဲ့အပြင်ထွက်လည်ခဲ့ကြသည်။လူငယ်တွေပီပီလမ်းတွေကများပါဘိ။ဟိုဝင်သည်ထွက်နှင့် ဆိုင်တွေလည်းပေါင်းစုံလို့နေပြီ။

"ဟဲ့... ပြုံး သည်မှာကြည့်စမ်း ဒီအရုပ်လေးနှစ်ခုမှာဘယ်အရုပ်ကပိုလှသလဲ"

ကျမအရုပ်များရွေးနေရာမှ သူငယ်ချင်းဖြစ်သူ တာရာ့ အသံကြောင့် သူရှိရာသို့မျက်နှာမူလိုက်သည်။ညာဘက်လက်တွင် ယုန်ရုပ်ကလေးကိုကိုင်ထားပြီး ဘယ်ဘက်လက်တွင် ဝက်ဝံရုပ်ကလေးကိုကိုင်ကာ မေးနေသည်။

"ညာဘက်လက်က အရုပ်လေးပိုလှတယ် "

ပုံမှန်ဆို ကျမ ဒါမျိုးတွေကိုယှဉ်မရွေးတတ်ပါ။အရာတိုင်းမှာတော့သူ့အလှနှင့်သူရှိသည်မလား။ဘယ်ဟာပိုလှသလဲဆိုတာကတော့ကိုယ့်အကြိုက်ပေါ်မူတည်သည်လေ။သည်နေ့ကသူငယ်ချင်းတွေအမှတ်တရလည်ကြတာမို့ တာရာလည်းအမှတ်တရဖြစ်အောင်ရွေးပေးလိုက်ခြင်းဖြစ်သည်။တကယ်တော့နှစ်ခုစလုံးကလှပါသည်။

"ဒါဆို ယုန်ရုပ်လေး ပိုလှတယ်ပြောချင်တာလား "

တာရာကသူ့ညာဘက်လက်ကိုမြှောက်၍ထပ်မေးသည်။

"အင်း "

" ပြုံးရယ် ဝက်ဝံရုပ်လေးလည်းလှတာပါပဲ"

ဒါကတော့ တာရာ့ ရဲ့အကျင့်ကလေးတစ်ခုပါ အမြဲတမ်းရွေးခိုင်းပြီး ကိုယ်ကဒါလေးလှတယ်ယူပါဆိုရင် သူကကျန်တဲ့တစ်ခုကလည်းလှပါတယ် ။ဘာလို့ဒါကိုမရွေးတာလည်းဆိုပြီး ပြောပါတယ်။အရင်အချိန်တွေဆို ကျမသူ့ကိုရန်ပြန်တွေ့လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ရန်မတွေ့ချင်တာကြောင့်

အကြင် Where stories live. Discover now