ပြုံးအိမ်သို့ပြန်ရောက်ရောက်ချင်း ဘယ်အရာကိုမှဂရုမပြုပဲ မိမိအခန်းရှိရာသို့တက်လာလိုက်သည်။ အခန်းထဲ ရောက်တော့ ကုတင်ပေါ်ကိုခြေပစ်လက်ပစ်လှဲချလိုက်သည် မျက်လုံးအစုံကိုမှိတ်၍ လေပူတစ်ချက်ပင် မှုတ်ထုတ်လိုက်ရသည်။ စိတ်ထဲတော့အနဲငယ်မတင်မကျ သို့သော် ထိုအမကိုစိတ်ဝင်စားရုံလောက်ပဲရှိခဲ့တာ ချစ်မိသည်ဟုမဆိုထိုက်သေး။တော်သေးသည် စိတ်ထဲကိုတစ်ရက်လောက်ပဲဝင်လာလို့ နို့မို့ဆို ခက်ရချည်ရဲ့။
"သမီး ဘယ်လိုဖြစ်လို့ေမမေ့ကိုတောင်နှုတ်မဆက်ပဲတက်လာရတာတုန်း"
မေမေ့အသံကိုကြားမှ ကျမမျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ကျမမျက်နှာမကောင်းလို့မေမေလိုက်လာတာဖြစ်မည်။ေမမေဟာလူအကဲခတ်အရမ်းတော်ပါသည်။ဒ့အပြင်မွေးထားသည့်သမီးဖြစ်လို့ ပိုလို့တောင်အကဲခတ်တတ်ပါသေးသည်။
"အရမ်းပင်ပန်းလို့ပါမေမေ "
ထိုစဉ်မေမေက ကျမကိုစိုက်ကြည့်နေသဖြင့်ကျမေမမေ့ကိုမျက်နှာလွှဲလိုက်သည်။
"သမီး စိတ်ပြေလက်ပျောက်ခရီးလေးထွက်ချင်လားဟင်"
ကျမနဲနဲတော့တွေဝေမိသည်။သို့ပေမယ့် မေမေပြောသလိုပဲခရီးထွက်လိုက်ရင် စိတ်သက်သာရာရမည်လော။စိတ်သစ်၊လူသစ်နဲ့နေရာသစ်မှာပြောင်းလဲနေထိုင်ဖူးချင်ပါသည်။ထိုကြောင့်
"အင်း အ့တာလည်းမဆိုးဘူးနော် ဒါပေမယ့်မေမေရယ် ဘယ်ကိုများခရီးကထွက်ရမှာတဲ့လဲ ဖေဖေ့အလုပ်ကလည်းနားလို့ရတာမှမဟုတ်ပဲ"
ဖေဖေကအလုပ်အရမ်းများပါသည်။စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ် ပြုံးတို့အိမ်ရဲ့အိမ်ထောင်ဦးစီးလည်းဖြစ်တဲ့ဖေဖေက သိပ်ကိုအလုပ်များပါသည်။ဖေဖေ့မျက်နှာကို တစ်ပတ်တစ်ခါတွေ့ရဖို့ပင် အနိုင်နိုင်။
"သမီးတစ်ယောက်တည်းပေါ့သမီးရယ် စိတ်ပြေလက်ပျောက်ထွက်ခိုင်းတာကို ပြီးတော့ သမီးဖေဖေဆွေမျိုးတွေရှိတဲ့ ရွာကိုအလည်သွားပေါ့ မေမေလှမ်းအကြောင်းကြားထားမယ် "
တောရွာလေးဆိုတော့လည်း စိတ်ဝင်စားမိသား။
"အ့ဆို မနက်ဖြန်သွားမယ် ရလားဟင် "