အခန်း- ၅

285 23 0
                                    

တောရွာနံနက်ခင်းဟာသိပ်ကိုသာယာသည်။ငှက်မျိုးစုံအော်သံ၊ကြက်တွန်သံအပြင် ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ၊အသံမျိုးစုံဖြင့်သာသာယာယာရှိလှသည်။နွေရာသီဖြစ်၍ ပူတာကတော့ငြင်းမရချေ။ရွာထဲကလူများမနက်စောစောထ၍စိုက်ခင်းဆီသို့သွားရန်ပြင်ဆင်နေကြသည်။ထိုအချိန်တွင်ပြုံးကာရန်မောင်တစ်ယောက် အိပ်မက်မက်လို့ကောင်းတုန်းပင် ။

"သမီးကြေးမုံ နင့်ညီမအိပ်နေတုန်းလား"

မီးဖိုထဲတွင်ချက်ပြုတ်နေသောကြေးမုံအား ဦးလှထွန်းမှမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်အဘ သမီးသွားနှိုးလိုက်ရမလား"

"မနှိုးနဲ့အုန်းလို့ပြောမလို့ပါ သူကကလေးပဲရှိပါသေးတယ် အိပ်ပါစေအုန်း ရွာကလူတွေလိုသူထနိုင်အုန်းမှာမဟုတ်ဘူး"

"အဘက သမီးကျနှိုးတယ် သူနဲ့သမီးနဲ့ ၄‌နှစ်လောက်ကွာတာပါ "

"တူလားဟဲ့ဟိုကဧည့်သည် နင်ကအိမ်ရှင် "

"အဘပြောလိုက်ရင်အဲ့သလိုပဲရစ်ကာပတ်ကာပြောနေတော့မှာ မနှိုးပါဘူးဟုတ်ပြီလား"

"အေး ငါစိုက်ခင်းသွားတော့မလို့ ချက်ပြုတ်ပြီးရင်လည်း ဈေးထဲမှာ အကြော်လေးဘာလေးထွက်ဝယ်အုန်း နင့်ညီမနိုးရင်စားရအောင် "

"ဟုတ်ကဲ့ပါအဘရဲ့ ထမင်းကတော့နေ့လည်မှလာပို့တော့မယ်နော် "

"အေးပါ အေးပါ ငါသွားပြီနော် "

ဦးလှထွန်း မှာစရာရှိရာမှာ၍ စိုက်ခင်းသို့သွားရန်ခြံဝိုင်းအပြင်သို့အထွက်

"ဟယ် အစော ဆွမ်းချိုင့်သွားပို့ဖို့လား"

ခြံဝတွင် အပျိုကြီး ဒေါ်စောမာယာကြင်နဲ့တွေ့သဖြင့်မေးလိုက်ခြင်းပင်

"ဟုတ်တယ်ကိုလှထွန်းရဲ့ ပြီးတော့ မနေ့ညနေက နေသိပ်မကောင်းတာနဲ့ ဟိုကလေးအတွက်ဟင်းလာမပို့ပေးရလို့ တစ်ခါတည်းဝင်လာပေးတာ"

"‌ဪ သူကတော့အိပ်ကောင်းတုန်းဗျာ မီးဖိုထဲမယ်ကြေးမုံရှိတယ်ဝင်သွားလိုက်"

"ဟုတ်ကဲ့ကိုလှထွန်း"

ဦးလှထွန်းနဲ့စကားအဆက်ဖြတ်ကာ‌ကြေးမုံရှိရာမီးဖိုထဲသို့ဝင်လာသည်။ကြေးမုံကထမင်းအိုးငှဲ့နေဟန်

အကြင် Where stories live. Discover now