အခန်း-၇

271 22 4
                                    

သဖန်းပင်ရိပ်အောက်ကအကြင့်မျက်နှာဟာကြည်ကြည်လင်လင်လေး မျက်တောင်ခပ်လိုက်တိုင်းလှုပ်ရှားသွားသောမျက်တောင်ရှည်ရှည်ကလေးမှာစိတ်အစုံအားတွဲခိုလိုက်ပါဖို့ဖိတ်ခေါ်နေသယောင်။နစ်မိပြီအကြင်ရေ။ဒီလူသားနစ်မိပြီ။ရုန်းပါလို့ပြောရင်တောင် လက်လွန်တဲ့အခြေ‌အနေကိုရောက်သွားခဲ့ပြီ။မြင်နေရလေပိုမြင်ချင်လေဖြစ်အောင်မင်းရဲ့ဘယ်အစိတ်အပိုင်းကဆွဲဆောင်ထားတာလဲ။မင်းမဖြေတတ်ဘူးလား။ကိုယ်လည်းမဖြေတတ်ဘူးကွယ်။

"လူကိုတွေ့ရင် ဘာလို့အဲ့သလောက်ကြည့်နေရသလဲ"

မော့မကြည့်ပဲပြောလာသည့်အကြင်က ကျမငေးကြည့်နေတာကိုလှည့်မကြည့်ပါပဲသိနေသည့်ပုံ။

"မောင် မဖြေတတ်ဘူးအကြင်"

အကြင်ကသက်ပြင်းမောလေးတစ်ခုကိုချသည်။သို့ပေမယ့် ဘာစကားမှတော့ပြောမလာတော့ချေ။

"မောင်အကြင့်ကိုအများကြီးသဘောကျမိတယ်"

တိတ်ဆိတ်နေသောအခြေအနေအားကျမဘက်မှစ၍ဖြိုခွင်းလိုက်သည်။ဒါဟာအကြင့်ကိုချစ်စကားပြောရာမရောက်ပေ။သဘောကျကြောင်းကိုသာဝန်ခံမိသည်။
ကျမစကားအဆုံး အကြင်ကဖျတ်ခနဲမော့ကြည့်ကာ

"ဘယ် ဘယ်လို "

"အွန်း မောင်အကြင့်ကိုအများကြီးသဘောကျမိလို့"

အကြင်ဟာဘာမှပြန်မပြောပါပဲ ခေါင်းကိုအသာယမ်း၍ပြုံးသည်။

"ဒီချောင်းကိုဖြတ်ပြီးရင်အနောက်ဘက်ရွာကိုရောက်တယ်လေ"

အကြင်ကကျမပြောသည်ကိုဂရုမထားတော့ပါပဲသူပြောလိုရာကိုသာပြောနေသည်မို့ကျမလည်း အလိုက်သင့်ပြန်ပြောရသည်။

"တံတားမရှိပဲဘယ်လိုကူးသလဲဟင်"

"ဟိုရှေ့နားမှာစက်လှေကလေးရှိတယ်လေကွယ် "

"ဟင် စက်လှေကိုဆီဖြည့်တော့ဘယ်လိုဖြည့်ကြလဲ ဒီရွာမှာဆီဆိုင်ရယ်လို့မမြင်မိပါဘူး"

"စက်လှေမောင်းတဲ့လူတွေမြို့တက်ဝယ်ကြတာပါပဲ။အစောကတော့စီးရုံစီးတတ်တယ်ပြုတ်ကျရင်တောင်ပြန်တက်တတ်မယ်မထင်ဘူး"

အကြင် Where stories live. Discover now