"ဟေ့ မိပြုံး "
ဒီညသူကြီးအိမ်တွင်စားပွဲသောက်ပွဲလုပ်မည်ဖြစ်သဖြင့်ကျမမကြေးမုံနှင့်အတူသူကြီးအိမ်သို့လိုက်လာခဲ့သည်။
သူကြီးအိမ်ရောက်တော့ ကိုစံပြူးကအိမ်အောက်ထပ်အပေါက်ဝကနေလှမ်းခေါ်သည်။"ဘာတုန်း ကိုစံပြူးရဲ့"
"လာမှာဖြင့်လာပါကွာ အထဲရောက်တော့သိမှာပေါ့"
ကိုစံပြူးပြောစကားကိုကျမစိတ်ဝင်စားမိသွားသည်။ထို့ကြောင့်မကြေးမုံကိုပြောပြီး အိမ်အောက်ထပ်သို့ဝင်သွားလိုက်သည်။အထဲရောက်တော့ သမန်တလင်း ကြမ်းပြင်ပေါ်တွင်ဖျာလေးတစ်ချပ်ခင်းကာ ထန်းရည်အိုးနဲ့အမြည်းမျိုးစုံကိုချထားသည်။ ကိုရာဇာနှင့်ကိုတင့်လွင်ကတော့မော့နေကြပြီဖြစ်သည်။
"ဟာ ရောက်လာပြီလား လာခဲ့ဒီဘက်ကို"
ကိုရာဇာ လှမ်းခေါ်တော့ကျမငြင်းရသည်။အကြင်ကြိုက်ပါ့မလားဟုလည်းတွေးမိသည်။
"မသောက်တော့ပါဘူးဗျာ "
"မိပြုံး နင်မေ့နေတာလား "
ကိုတင့်လွင်ပြောစကားကြောင့်ကျမအနည်းငယ်ကြောင်သွားသည်။မူးနေလို့ပြောတာဟုဆိုရအောင်လည်းသူတို့ပုံစံကမူးနေတဲ့ရုပ်မထွက်သေး။
"ဘာပြောတာလဲကိုတင့်လွင်ရာ"
"နင်နဲ့မမစောမငြိသေးဘူးလား"
"ဟီး ငြိသွားပြီ"
"အေးအဲ့တာပဲလေ နင်ပဲမမစောနဲ့အဆင်ပြေရင် ငါတို့ကိုထန်းရည်အဝတိုက်မယ်ဆို"
"အင်းလေ"
"ခုမှာထားတဲ့ထန်းရည်တွေက ငွေမရှင်းရသေးဘူး။အဲ့တော့ နင်ရှင်းလိုက်တော့ "
"ဟားဟားဟား ဟုတ်ပါပြီဗျာ မဝရင်ထပ်ယူကြ"
"စိတ်ချ အဲ့တာတော့"
သူတို့သောက်နေကြတဲ့ထန်းရည်ကိုကျမတစ်ခါမှမသောက်ဖူးပါ။စမ်းသောက်ကြည့်ချင်တာတော့အမှန်။
ဒါပေမယ့်အကြင်သိသွားရင်လည်းစိတ်ဆိုးသွားမည်ထင်သည်။"ဒီညကစားသောက်ပွဲပဲလား ကိုရာဇာ"
ကျမလှမ်းမေးတော့ ထန်းရည်တစ်ခွက်ကိုမော့နေကကိုရာဇာက ကျမဘက်သို့ တစ်ချက်ကြည့်ကာ