အခန်း-၁၀

352 26 4
                                    

မနက်ဖြန်ဆိုရင်တောင် သူကြီးအလှူက အထမြောက်တော့မည်ဖြစ်သည်။အကြင့်ကိုချစ်ရေးဆိုပြီးတည်းကသူနဲ့ကျမလွှတ်လွှတ်လပ်လပ်မတွေ့ရသေးချေ။အလှူရက်ကလည်းနီးပြီမို့အလုပ်ရှုပ်နေတာလည်းပါသည်။

"ရှာလိုက်ရတာမိပြုံးရယ် "

ကျမရှင်ပြုရမယ့်ကလေးများနဲ့ပါရင်းနှီးနေပြီဖြစ်သဖြင့်သူကြီးအိမ်မှာ ထမင်းစားပြီးခနနားနေကြချိန် ခြံပြင်ကလမ်းတွင်ထိုကလေးများနှင်‌ကျမဂေါ်လီပစ်တမ်းကစားနေသည်။ထိုအချိန်ကိုရာဇာ့အသံကြားလို့လှည့်ကြည့်လိုက်တော့ ကိုရာဇာတင်မကကိုတင့်လွင်နှင့်ကိုစံပြူးပါ ပါနေသည်။

"ဂေါ်လီပစ်နေတာကိုရာဇာရဲ့ လာပစ်ပါလား"

"ကလေးကလားဟာ"

"ကျုပ်ကိုမနိုင်မှာစိုးနေတာမလား"

"ဘာကိစ္စနဲ့မနိုင်ရမှာလဲ မင်းလောက်ကတော့သနားတယ်"

"အဲ့တာဆိုဝင်ပစ်လေဗျာ "

"အဘခိုင်းထားတာရှိလို့ဘုန်းကြီးကျောင်းသွားမလို့လိုက်အုန်းမလားလို့လာခေါ်တာ မအားသေးဘူး"

"ကြောက်ရင်ကြောက်တယ်ပေါ့ကိုရာဇာရယ်"

"ကြောက်စရာလား အေးပစ်မယ်ပေးဂေါ်လီလုံး"

ကိုရာဇာက ကလေးတွေဆီကဂေါလီလုံးတောင်းလိုက်တော့ကိုစံပြူးနဲ့ကိုတင့်လွင်က

"ဟေ့ကောင် ရာဇာ မင်းအဘက အရေးကြီးလို့ခိုင်းတာထင်တယ်ကွ မပစ်ပါနဲ့ကွာ ပြန်လာမှပစ်ပါလား"

"ဟုတ်တယ်နော် မင်းအဘသူကြီးကို ငါတို့ကြောက်တယ်ဟ"

ကိုရာဇာကလက်မခံသည့်ပုံဖြင့်ခေါင်းယမ်း၍

" မိပြုံးကငါ့ကိုအထင်သေးနေတာ ငါဘယ်လောက်တော်တယ်ဆိုတာပြရမယ် "

"ဒါပေမယ့်.."

"ဆက်မပြောနဲ့တော့ကွာ ပစ်ပြီ"

ကိုရာဇာ့ကိုပြောမရမှန်းသိသူနှစ်ယောက်ကတော့မျက်စိမျက်နှာပျက်စွာ ဂေါ်လီပစ်ပွဲကိုကြည့်နေကြလေသည်။ကိုရာဇာကပစ်လိုက်ကျမကပစ်လိုက်နှင့်ကိုရာဇာရှုံးသည်မှာ သုံးပွဲရှိနေလေပြီ။ဘေးမှကလေးတစ်သိုက်ကလည်းအားပေးကြမ်းလှသည်။

အကြင် Where stories live. Discover now