2

4.3K 512 33
                                    

For Unicode

နေ့စဉ် ခေါက်ရိုးကျိုးနေသော ကျောင်း၀န်း၏ လမ်းမ များတွင် ထယ်ယောင်းသည် တုန်လှုပ်သော စိတ်ဖြင့် ခြေလှမ်းကို လှမ်းနေရသည်။

ကန်တင်းသည် Engineering ဌာန အနီးမှာ ရှိသောကြောင့် မသွား၍ ကလည်း မဖြစ်။ ထို့ထက်ပို ဆိုးသည်က ဘာမှမသိသော ဂျယ်ဂျွန်းက သွားမည်တကဲကဲ မို့ သံသယ၀င်အောင် တားလို့ကလဲ မဖြစ်။

" အိမ်သာတတ်ချင်လို့လား မင်းမျက်ခွက်ကြီး ဒီလောက်ရှုံ့မဲ့နေတာ "

" မင်း အစာစားချင်တယ်ဆိုလို့ လိုက်လာတာနော် ခွေးရေ "
ထယ်ယောင်း အော်တော့လဲ ဂျယ်ဂျွန်းမှာ ဘာမှ မပြောနိုင်ပဲ ဇက်ကလေး ပု၀င်သွားသည်။

ကန်တင်းထဲမှာ လူရှင်းကာ  စားပွဲများ အတော်လေးလွတ်နေတာကြောင့် ထယ်ယောင်း စိတ်အေးသွားသည်။ ယခုအခါမှ ဗိုက်က ဆာလာသလိုပဲမို့ အသားညှပ်ပေါင်မုန့်တစ်ခု မှာလိုက်သည်။

" ဒီတစ်ခေါက် အသစ်လေးတွေက ကန်တင်း မထိုင်ကြဘူးနဲ့တူတယ်နော်။ ငါတို့တုန်းကဆို အပြင်မှာတောင် ခုံတွေ ထုတ်ပေးရတယ် "

ထယ်ယောင်းက ပေါင်မုန့်ထဲက ခရမ်းချဉ်သီးကို ဖယ်ထုတ်ကာ တစ်ကိုက်အပြည့် ကိုက်လိုက်ပြီး

" ဂျန်နရေးရှင်း ကွာတယ်လေကွာ "

" ချီးပဲကွာလိုက်...ငါတို့က ဒုတိယနှစ်၊ သူတို့ကပထမနှစ် ကြားထဲ ဘာမှမကွာဘူး။"

" မင်းကလဲ အသက် ထိရင် မခံဘူးနော် "

တရားပေါက်သလို လေသံနဲ့ မထိတထိ စနေသော ထယ်ယောင်းကို ဂျယ်ဂျွန်းက ‌မှုန်တေတေကြည့်၍ အချဉ်ဗူးကို ယူကာ စားလက်စ ပေါင်မုန့်အပေါ် စမ်းမည်ပြု နေကာ ကန်တင်းတစ်ခုလုံး ရယ်သံတွေ ပြည့်နေသည်။

ထိုစဉ် အေးစိမ့်သော မိုးဦးရာသီ အလည်ရောက်လာသကဲ့သို့  ကန်တင်း ထဲသို့ အဖြူရောင်အရိပ်တစ်ခုသည်  တည်ငြိမ်စွာပင် လျှောက်၀င်လာသည်။

အဖြူရောင်ရှပ်ပါးပါးနဲ့ လူငယ်ဆန်သည့် ဂျင်းပြာသည်  ကောင်းကင်လွင်လွင်တစ်ခုကို‌ဖော်ကြူးနေသလားထင်ရသည်။ မငေးပဲ မနေနိုင်သည့် ရုပ်ရည်၏ဖမ်းစားမှုကြောင့် ထိုအသရေကို လူတိုင်း နှစ်ခါမျှ တော့ ပြန်ကြည့် မိနေသည်အထိ။

The Next Chapter: EchoWhere stories live. Discover now