6

3.4K 480 77
                                    

For Unicode

နယူတန်က ဆိုခဲ့တယ် 'သက်ရောက်မှုတွေ တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ' တဲ့။

ရူပဗေဒကို ထယ်ယောင်း မနှစ်သက်ရတဲ့ အကြောင်းရင်းထဲကတစ်ခုပဲ။

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ မရှိဘူး။ အကယ်၍ ထိုဥပဒေသသာ မှန်ခဲ့ရင် အခုဆို ဂျုံးဂုဟာ သူ့ကို ချစ်နေလောက်ပြီပေါ့....။

လက်ထဲက အအေးဗူးလေးကို ကုန်အောင်သောက် ပြီး အမှိုက်ခြင်းထဲထည့်ကာ ထိုအနားခနရပ်ပြီး  အသက်ကို၀အောင်ရှူနေလိုက်တယ်။

အရပ်ရှည်ရှည် နဲ့ ချောမောတဲ့ အဖြူရောင်၀တ်စုံနဲ့ ကောင်လေးဟာ ဂျုံးဂု နှလုံးသားကို ကိုင်လှုပ်နိုင်သူ ဖြစ်သွားလေမလားပဲ။

" ထယ်ယောင်း လာတော့လေ "

အတန်းခေါင်းဆောင်က အော်ခေါ်လိုက်တော့မှ ထယ်ယောင်း သူတို့လူစု ရှိရာကို ခပ်သွက်သွက်လေးလျှောက်လာခဲ့ရတယ်။

မျက်နှာချင်းဆိုင်က နားနေခုံ တွေမှာ ဒုတိယနှစ်တွေရောက်နေပြီဖြစ်ကာ ဟိုကောင်လေးနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ ဂျုံးဂုကိုလည်း သူမြင်လိုက်ရတယ်။

ဂျုံးဂုက ထယ်ယောင်းကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲက  စာရွက်တစ်ရွက်ကိုပဲ ပြန်ငုံ့ကြည့်သွားတယ်။

သူတို့က အတန်းကြီးတွေ ဖြစ်သော်လည်း လူပုလေး၀တ်စုံတွေ ၊အကောင်ပလောင် ၀တ်စုံတွေ နှင့် ဖြစ်ကာ ဒုတိယနှစ်တွေက အဖြူရောင်၀တ်စုံပြည့်ဖြင့် ကျော့မော့၍ နေတာတော့အနည်းငယ်မျက်နှာပူစရာကောင်းသည်။

အတန်းခေါင်းဆောင်က ထယ်ယောင်းကို သူ့နံဘေးထိုင်စေကာ အသံတိုးတိုးနှင့်

" ငါတို့က သူတို့ရဲ့ ရှေ့နံပါတ်စဉ် ကနေ‌ ဖျော်ဖြေရမှာ တဲ့ ရုပ်ပေါက်လိုက်တာ "

အတန်းခေါင်းဆောင်ပြောသည့် အဓိပ္ပါယ်ကို ထယ်‌ယောင်း နားလည်သော်လည်း ဘယ်လိုမှမနေ။ ပုံမှန်ဆို အတန်းကြီးတွေက ပွဲအပိတ်ဖျော်ဖြေ ရတာဖြစ်ကာအခုကျ ဂျုံးဂုတို့အတန်းကို နောက်ဆုံးထားပြီး သူတို့ကို ရှေ့ပို့လိုက် တာ ဖြစ်သည်။ ဒါကို သူတို့ဆရာမနှင့် အတန်းဖော်တွေက မကျေလည်ကြ။

The Next Chapter: EchoWhere stories live. Discover now