For Unicode
နေရောင်ပင်တိုးမပေါက်အောင် ဆောင်းမြူထုတို့ပိုသည်းသော နေ့တွင် လူတိုင်းသည် ကော်ဖီပူပူတစ်ခွက်ကို လိုအပ်ကြသည်မို့ ဆိုင်မှာ လူအတော်ကျနေသည်။
ထယ်ယောင်းသည် ပြေးရင်းလွှားရင်းနဲ့ပဲ အေးရမည်မှန်းပင်မသိတော့။
ဆိုင်အပြင်ဘက်မှ မြင်နေရသည့် ချယ်ရီတွေပင် အဖြူရောင်လွှမ်းကာ အေးစက်ငြိမ်သက်နေသည်။လူအနည်းငယ်ပါးသွားတော့မှ ၀င်ထိုင်ရင်း အမောဖြေရ၏။ သူ၏ရှေ့တွင်အလှဆင်ထားသော ဒေစီပန်းတုလေးများရှိကာ ရနံ့မရပါသော်လည်း အမြင်ကို ဖမ်းစားနိုင်သည်။
လေးနှစ် ဟူသော အချိန်ကာ လအတွင်းမှာ ထယ်ယောင်းအတွက် များစွာဖြစ်ပျက်ခဲ့ရပြီး နလန်ပင်မထူနိုင်လောက်အောင် နာကျင်ရသော ကာလတွေ ဖြစ်ခဲ့သည်။
နှလုံးသားဒဏ်ရာအပြီး စာကိုပဲ ဦးတည်ကာ အာရုံစိုက်ခဲ့သော်လည်း တစ်စ တစ်စ ယိုယွင်းလာတဲ့ အန်တီလေးရဲ့ လုပ်ငန်းအခြေအနေကြောင့် သူသည် ကျောင်းပြီးဖို့ တစ်နှစ် လိုခါမှ ထွက်ခဲ့ရပြီး လုပ်ငန်းခွင်နှင့် စထိတွေ့ခဲ့ရ၏။
ဂျယ်ဂျွန်းကတော့ သူ၏ရွေးချယ်မှုကို အပြင်းအထန်ကန့်ကွက်ကာ လိုအပ်သည့် ကျောင်းစားရိတ် သူ တာ၀န်ခံပေးမည် ပြောသော်ငြား ထယ်ယောင်းလက်မခံခဲ့ပါ။
အန်တီလေး သည် အမြဲတစေ ငြူစူစပြုလာကာ အပြစ်မကင်းသော ခံစားချက်ကို ထယ်ယောင်းနှလုံးသားထဲ ရိုက်သွင်းခဲ့သည်။
အချိန်ပိုင်းအလုပ်ပေါင်းစုံလုပ်ကာ အန်တီလေးကို ပေးပါသော်လည်း နဂိုက ကိန်းကြီးခန်းကြီး ဖြစ်ခဲ့သော သူမတို့အဖို့မှာကား မကျေနပ်နိုင်။ ယူယွန်းဆိုရင်လည်း နေ့ချင်း၊ ညချင်း ပြောင်းလဲသွားသော အခြေနေကို လက်မခံနိုင်ဖြစ်နေဆဲဖြစ်ပြီး အရင်ထက်ကို ဒေါသပိုကြီးလာသည်။
ကလေးနှစ်ယောက်ကိုတော့ ကျောင်းအိပ်ကျောင်းစား ထားထားတာကြောင့် ထိုတာ၀န်မှာလည်း မနေနိုင်သည့် သူ့ဆီပဲ အလိုလိုကျရောက်လာ၏။
ရုတ်တရပ်ပိကျလာသော ၀န် တွေကို ထမ်းရင်း ထယ်ယောင်းသည် သူ့နှလုံးသားရေးကိုပင်မေ့လျော့ထားတာကြာခဲ့ပြီဖြစ်သည်။
YOU ARE READING
The Next Chapter: Echo
Fanfictionပဲ့တင်သံတွေလို ပြေး၀င်လာတဲ့ ချစ်ခြင်းရဲ့ အရှိန်အဟုန် တွေကြား ချစ်သူဟာ စာမျက်နှာသစ်တစ်ရွက်ကို ဖွင့်လှစ်ခဲ့တယ်။ ကဲ......ကိုယ်ကဖတ်ပြမယ်။