22

3.6K 350 71
                                    

For Unicode

" ဒါတော့ သားမှားတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ထယ်ယောင်းလေးပြောသလို အဲ့တာသူ့မိသားစုတွေပဲ လေ "

ဂျုံးဂု၏မျက်နှာက အလိုမကျ။ တစ်ခုခုပြောရန်ပြင်ပြီးမှ သက်ပြင်းပြန်ချ၍ ဆိုဖာပေါ် ပြန်မှီလဲ ကျသွားသည်။

"  မဟုတ်ဘူးလေဗျာ...ဘယ်လိုပဲ မိသားစုဆိုဆို သူ့အပေါ်ကောင်းခဲ့ဦးမှလေ "

မကျေလည်တာမှန်သမျှ စုပြုံသယ်ချလာပြီး တိုင်တန်းနေတဲ့ သားတော်မောင်ကို သဘောကျကာ သူမပြုံးလိုက်ရတယ်။

သူ့ကိုယ်သူသာ အချစ်တတ်ဆုံးဖြစ်ခဲ့တဲ့ ကလေးက တစ်ပါးသူကို ချစ်တတ်နေလိုက်တာများ။ အတ္တတွေမလျှော့နိုင်သေးတော့ နှစ်ဦးနှစ်ဖက်ဟာ ပူလောင်နေတာသိသော်လည်း ထိုထဲမှပင် ချစ်ခြင်းတရားတို့ကို ခံစားနေရသေးတာ တော်သေးသည်ပြောရမည်။

"  ခြေထောက်က ဆေးသေချာထည့်နော်။ ထယ်ယောင်းကိုလဲ မေမေဖုန်းဆက်ပြီး မှာထားတယ် "

ဂျုံးဂု ခနဲ့ ပြုံးပြုံးကာ ထရပ်လိုက်တယ်။ သူဒီကို လာနေစဉ်မှာပဲ ထယ်ယောင်းနဲ့ မေမေက ဆက်သွယ် ပြောဆိုပြီးကြပြီ ထင်၏။

"   အလကား ကျွန်တော့်ကို မေမေဂရုစိုက်ခိုင်းလို့ ကောင်းပေးနေတာ "

" မင်း အဲ့လို စိတ်ထဲကမပါပဲ ကြပ်ကြပ်ပြော။ သူစိတ်ကုန်သွားရင် မင်းအမြဲ သူ့ကိုဆုံးရှုံးရလိမ့်မယ် "

ပြန်ဖို့ပြင်နေသည့် ဂျုံးဂုခြေလှမ်းတွေ နှေးကွေးသွားသည်။
စိတ်ကုန်ရင်....ထယ်ယောင်းက အခုလည်း သူ့ကို စိတ်ကုန်နေတာပဲ မဟုတ်လား...။

အနားမှာ အရုပ်တစ်ရုပ်လိုနေပေးရင်း သူ့ကို ဒဏ်ခတ် နေခဲ့တာပဲလေ။

" ပြန်တော့မယ် "

မေမေကတော့ ကားနားထိ လိုက်မလာတော့။
ထိုအစား သူ့ကိုကြည့်ရင်း ချလိုက်သည့် သက်ပြင်းသံကိုတော့ ကြားလိုက်ရပါ၏။
.
.
.
.

ဂျုံးဂု အိမ်ထဲ ၀င်လာတာနဲ့ ထယ်ယောင်း မသိမသာပင် ခြေထောက်ကို ကြည့်လိုက်တော့ သေသေသပ်သပ်စည်းနှောင် ထားသည့် ပတ်တီးလေးကို မြင်မှ စိတ်အေးသွားသည်။

The Next Chapter: EchoWhere stories live. Discover now