8

3.4K 513 92
                                    

For Unicode

ပြောရလျှင် ထယ်ယောင်းသည် ရည်းစားထားဖို့ စိတ်မကူးမိခြင်းရယ်တော့မဟုတ်။ ချောမောသောကောင်လေး တစ်ယောက် ဖြစ်တာနဲ့ အညီ သူ့ဘေးတွင်လည်း ချစ်ချင်သူ ခင်ချင်သူတစ်ချို့ကတော့ ရှိမြဲ ဖြစ်ရာ ထိုအထဲမှ တစ်ယောက်ယောက်နှင့်ဒိတ် ကြည့်ရင် အခုထက်ပို ကောင်းမလားဟူ၍ တော့ တွေးမိတာရှိသည်။

သို့သော်လည်း ဘာရယ်ကြောင့်မသိ ထိုသို့တွေးပြီး များမကြာမှီမှာပဲ အနှီစိတ်ကူးမှာ နေခွင်းသော မြူမှုန်စများနှယ် ပြိုပျက်သွားရသည်။

သူကိုယ်တိုင်ကိုကပဲ ရုန်းမထွက်နိုင်ခြင်းလား ဟု တွေးမိရင်း ထိုအတိုင်းလက်ခံလိုက်ဖို့သာ တတ်နိုင်သည်။

မျက်ရည်ကျလောက်ဖွယ်ရာထိတော့ မဟုတ်သော်လည်း အနည်းငယ် ဒရာမာဆန်သော သူ့ဘ၀မှာ အချိန်သီးသန့် ရယ်လို့ မရှိတာလဲ ပါမည်ထင်သည်။ တစ်နေ့တာကုန်ဆုံးအပြီး ပင်ပန်းလွန်း၍ အိပ်ယာထဲမှာပဲ ခွေခေါက်လှဲပစ်ချင်တာမျိုးပေါ့....။

ယနေ့လို တင်္နဂနွေ နေ့မျိုးတွင် အိမ်မှာ ဘယ်သူမှ မရှိတတ်ကြ။ အငယ်နှစ်ယောက်ကလဲ တစ်နေကုန် ကျူရှင် သွားရသလို ဒေါ်လေးကလဲ သူ့မိတ်ဆွေတွေနှင့် တွေ့သည်။
ယူယွန်းကတော့ လိပ်ပြာလေးလို အရွယ်ရောက်လာသူမို့ အပေါင်းသင်းအသစ်တွေ တွေ့ကာ ပျော်မဆုံးဖြစ်နေပြီး နေ့တိုင်းလိုလိုကို တွေ့ရသည်မရှိ။

အရင်တစ်ခေါက်ကတော့ ဂျုံးဂုကြောင့် ဒေါသထွက်နေကာ ‌အန်တီလေးပင်လျှင် မနည်းချော့လိုက်ရသည်။

အခုဆို ထိုကားလဲ ပြန်ပြင်ပြီးဖြစ်ကာ ဂျုံးဂုပေးခဲ့သော ကဒ်ကိုလည်း ပြန်ပေးခဲ့ပြီးပြီဟူ၍တော့ ကြားသည်။ ဘယ်နည်းနဲ့ပြန်ပေးလဲရယ်တော့ သူလဲမသိ။

ထယ်ယောင်းသည် အိပ်ခန်းကိုရှင်းနေရင်း ဖုန်းတုန်ခါသံကြောင့် ကောက်ကိုင်ကာကြည့်လိုက်တော့ ဂျယ်ဂျွန်းဆီမှ ဖြစ်နေသည်။

" ဘာလဲ "

" လေသံပြင်စမ်း ဟေ့ကောင်။ ငါအခု မင်းကိုနတ်ပြည်ပို့ပေးဖို့လာခေါ်တဲ့ လမ်းမှာ "

ထယ်ယောင်းမျက်မှောင်လေးကြုံ့သွားကာ ဘာလဲဟ ဟု ခပ်တိုးတိုးရေရွတ်လိုက်သည်။ထိုအသံကို ကြားသော ဂျယ်ဂျွန်း က ရယ်ရင်း

The Next Chapter: EchoWhere stories live. Discover now