For Unicode
" ကျွန်တော် ပြောတာသေချာစဉ်းစားထားနော် "
ထယ်ယောင်းအိမ်အနားက ကားမှတ်တိုင်ထိ သူ့ကိုလိုက်ပို့ကာ ကားပေါ်ကမဆင်းခင် ဂျုံးဂုပြောသွားသောစကား ဖြစ်သည်။
ထယ်ယောင်းသည် လမ်းလျှောက်နေရသော်လည်း ခြေထောက်နဲ့ မြေကြီးမှာ ထိသည်ဟုပင်မထင်။ပျော်ရွှင်ခြင်းနှင့် သံသယတွေက ရင်ထဲတွင် မီးလျှံတစ်ခုလိုဆန်တတ်လာလိုက် မိုးရေစက်တွေလို ရွာသွန်းလာလိုက်နှင့် ဗြောင်းဆန်နေ၏။
" သဘောကျတယ်ဆိုရင် အဆုံးထိ သဘောကျပေးလေ။ ဒီလိုရပ်လိုက်တာမျိုးက တာ၀န်မဲ့လွန်းရာ မကျဘူးလား ?"
နားထဲကြား ယောင် လာသည့် စကားတွေကြောင့် ထယ်ယောင်း က ပြုံးလိုက်မိသွား၏။ အမိန့်ဆန်သည်ဟုမယူဆ ၊ချစ်စဖွယ်ကလေးတစ်ယောက်၏တောင်းဆိုသံလေးလိုပဲ မှတ်ယူမိသည်အထိ သူဟာ ဂျုံးဂုအပေါ် ချစ်မြတ်နိုးနေဆဲ ဖြစ်သည်။
အတော်လေးညဉ့်နက်နေပြီမို့ ထယ်ယောင်းတို့လမ်းမှာ လူသူကင်းမဲ့နေပြီ ဖြစ်ကာ အတော်လေးတိတ်ဆိတ်နေသည်။အိပ်မောကျနေသော လမ်းသွယ်လေးကို ကြည့်ရင်း ခေါင်းထဲ စူးခနဲ သတိရသွားတာ တစ်ခုက......။
.
.
.
.ခေါင်းကပ် ပလာစတာ တွေနားထင်မှာကပ်ထားကာ အားဖြည့်အချိုအရည်ကို အငမ်းမရမော့သောက်နေတဲ့ ဂျယ်ဂျွန်း ရှေ့မှာ ထယ်ယောင်း သွားလေးဖြီးပြီး ထိုင်နေသည်။
" ဘယ်လိုပဲ ကိစ္စပေါ်ပေါ် ငါက မင်းသူငယ်ချင်းဆိုတာကို ထည့်မတွက်နဲ့ဦး။ အနည်းဆုံး လူလေကွာ...ကားထဲ ဖြစ်သလို ထည့်ပြီး ပစ်ထားခဲ့ရလား"
" ဟုတ်တယ်လေ ငါတော်တော်ဦးနှောက်မရှိတာနော်။ အခုအဆင်ပြေလား "
ဂျယ်ဂျွန်းက ဟွန်း ခနဲ တစ်ချက်နှာမှူတ်ကာ သူ၏လက်ကျန်အအေးကိုဆက်သောက်နေသည်။ ထိုစဉ် ဖုန်းထဲသို့ မက်ဆေ့ တစ်စောင် ၀င်လာ၍ ဂျယ်ဂျွန်းကို ရယ်ပြကာ လက်နှင့်ကွယ်၍ ဖတ်လိုက်၏။
သူရိပ်ခနဲ မြင်လိုက်ရသည့်အတိုင်း ပို့သူက မနေ့ကမှ အသစ်စက်စက် ဖုန်းနံပါတ် ရလာသော ဂျုံးဂုဆီမှ ဖြစ်သည်။
YOU ARE READING
The Next Chapter: Echo
Fanfictionပဲ့တင်သံတွေလို ပြေး၀င်လာတဲ့ ချစ်ခြင်းရဲ့ အရှိန်အဟုန် တွေကြား ချစ်သူဟာ စာမျက်နှာသစ်တစ်ရွက်ကို ဖွင့်လှစ်ခဲ့တယ်။ ကဲ......ကိုယ်ကဖတ်ပြမယ်။