15

3.3K 452 35
                                    

For Unicode

မနက်မိုးလင်းလင်းချင်း အောက်ထပ်မှ ဆူညံသ‌ံတွေကြောင့် ထယ်ယောင်း ဆက်အိပ်လို့မရတော့ပဲ နိုးလာကာ ကုတင်ပေါ်မှပင် နားစွင့်၍နေလိုက်သည်။

အသံတွေကရောထွေးနေကာ အန်တီလေး ၏ငြင်းခုံသံ သဲ့သဲ့ ကိုလည်း ကြားနေရ၏ ။ ကြည့်ရတာ အကြွေးရှင်တွေပဲ ဖြစ်မည်ထင်တာကြောင့် တစ်‌ယောက်တည်း ဖြစ်နေမည့် အန်တီလေးကို စိတ်ပူတာကြောင့် သူအမြန်ပင် အောက်ဆင်းလာခဲ့၏။

ထင်သည့်အတိုင်း အမျိုးသမီး နှစ်ယောက်နှင့် အနောက်ကလိုက်လာဟန်ရှိသော ခပ်ဖွံ့ဖွံ့လူနှစ်ဦးရှိနေကာ အန်တီလေးကတော့ ဆိုဖာထက်တွင် ထိုင်ကာ မျက်နှာကို လက်နှင့်အုပ်ထားသည်။

အသံကြား၍ မော့ကြည့်သော မျက်၀န်းတွေမှာ မာနရိပ်နဲ့ နာကျင်မှုတွေကအထင်းသားဟပ်လျှက်။ ထယ်ယောင်းတော်တော်လေး စိတ်မကောင်ဖြစ်သွားရသည်။

" ကျွန်မလဲ အတတ်နိုင်ဆုံး ဆပ်နေခဲ့တာပါ။ ဒီအိမ်နဲ့ ဒီခြံအထိတော့ ထိဖို့မစဉ်းစားကြပါနဲ့။ ဘယ်လိုမှသဘောမတူနိုင်ဘူး..."

ထယ်ယောင်းသည် ငြိမ်သက်စွာပင် ရပ်နေရင်း ထိုစကားတို့ကြောင့် ရင်တွေပူလာသည်။

" ဘယ်ဖြစ်မလဲ။ တို့ဆီ မင်းယူတုန်းက အလုံးအရင်းလိုက် အခြေမပျက်ပေးလိုက်ရတာ။ ဖဲ့ဖဲ့ ဆပ်ပေးနေတာကိုလက်ခံပါတယ်။ ဒါပေမယ့် ကြာလာတော့ တို့ငွေတွေက လေလွင့်လာပြီ "

ထိုအမျိုးသမီးသည် ထယ်ယောင်း ထင်တာမမှားရင် အရင်က အန်တီလေးနှင့် သွားလိုက်၊စားလိုက် ရယ်မောကာ ညီမများသဖွယ် နေထိုင်ခဲ့ကြတာ ဖြစ်သည်။အခုတော့ မျက်နှာထက်တွင် အပြုံးတစ်စက်မှပင်ရှိမနေခဲ့ချေ။

" ဒါနောက်ဆုံးသတိပေးတာပဲ။ တို့ ကို ဒီရက်ပိုင်းမှာ အကြောင်းပြန်ပါ "

နီစွေးနေသော နှုတ်ခမ်းတို့ကိုချီကာ ထိုအမျိုးသမီးက လှည့်အထွက် ထယ်ယောင်းအား မြင်သွားပြီး စူးခနဲ စိုက်ကြည့်လာသည်။ ထို့နောက် ဟွန်း ခနဲ ရယ်ရင်း ထူးဆန်းသော အပြုံးတစ်ခုဖြင့် သူ၏ပုခုံးကို တိုက်ကာ ထွက်သွားတော့၏။

The Next Chapter: EchoWhere stories live. Discover now