ကန်ရေပြင်ပေါ် ခဲတစ်ဆုပ်ကျသွားသလို ပင် အခြေအနေတွေဟာ ပြောင်းလဲကုန်သည်။
ဂျုံးဂုသည် ထိုပွဲတော်နေ့အပြီး ကျောင်းပိတ်ရက် နှစ်ရက်အလွန်မှာ ပြန်မလာတော့ပဲ ကျောင်းပြောင်းသွားသည်။ထယ်ယောင်းကတော့ ကျန်နေခဲ့ရသူဖြစ်ကာ ကောလဟာလနှင့် စူးစမ်းမှုတို့၏ အရင်းခံဖြစ်ခဲ့ရသည်။ အချို့လူမှုရေးနားမလည်သော လူရမ်းကားလေးေတွကဆိုရင် ထယ်ယောင်းထိုင်သော
ထိုင်ခုံနှင့် တန်းလျှက်ရှိနေသည့် ပြတင်းပေါက်နား လက်ထောက်ကာ ပြုံးလီပြုံးလဲ့ လာကြည့်ကြသည်လဲရှိ၏။ထိုအခါမျိုးတွင် ထယ်ယောင်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တာမျိုးတို့ လက်ခလယ်ထောင်ပြတာမျိုးတို့ စသည်စသည် အလျင်းသင့်သလိုပဲ တုံ့ပြန်လိုက်သည်။
မကောင်းသတင်းဆိုပေမယ့် ခနပါပဲ။ စာမေးပွဲနီးလာတော့ အကုန်လုံးမမေ့ကြပေမယ့် အရင်ကလိုတော့ အရမ်းကြီး စိတ်၀င်စားနေကြခြင်းမရှိတော့။
သည်လိုနှင့် ထယ်ယောင်းအထက်တန်းအောင်သွားကာ သူစိတ်၀င်စားသော မေဂျာကို ရွေးချယ်ပြီး တက္ကသိုလ်တတ်နိုင်ခဲ့သည်။
သူငယ်ချင်းတွေရှိသလို၊ ကြည်ဖြူသလို မကြည်ဖြူသလို အန်တီလေး၏ထောက်ပံ့မှုကြား မှာ တစ်ကိုယ်တည်းပျံသန်းရန် အားယူနေသော တတ်ကြွေသာ လူငယ်လေးအဖြစ်နဲ့ပဲ ပုံသွင်းယူခဲ့ပါ၏။
မပျော်သောညတွေမှာတော့ နားကြပ်လေးတပ်ပြီး ငိုလိုက်တာတို့....
အထက်တန်းတုန်းက ကျောင်းတူတဲ့ ဂျူနီယာလေးတွေကို မြင်ရင် ရင်တွေ တစ်ဒိန်းဒိန်းတုန်လာတာတို့ကတော့ ဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့တဲ့ စိတ်ရဲ့ အနာတရတွေ သာ ။တစ်နေ့တော့ ကုစားနိုင်မည်ထင်ပါရဲ့.....။
.
.
.
.
ဒီနေ့ လက်ချာက အစောကြီး ပြီးသွား၍ ထယ်ယောင်းတို့အတန်းထဲမှာ ဆူညံနေသည်။
လူတွေအများကြီး ဇာတ်လမ်းတွေအများကြီးရှိသည်။ ထယ်ယောင်းခုံပေါ်လက်ထောက်ကာ နားထောင်ရင်း အိတ်ထဲမှ တုန်ခါလာသော ဖုန်းကြောင့် ကိုယ်လေးဆတ်ခနဲ ဖြစ်သွားရသည်။ခေါ်ဆိုသူက အန်တီလေး ဖြစ်တာကြောင့် အမြန်ကောက်ကိုင်လိုက်တော့
YOU ARE READING
The Next Chapter: Echo
Fanfictionပဲ့တင်သံတွေလို ပြေး၀င်လာတဲ့ ချစ်ခြင်းရဲ့ အရှိန်အဟုန် တွေကြား ချစ်သူဟာ စာမျက်နှာသစ်တစ်ရွက်ကို ဖွင့်လှစ်ခဲ့တယ်။ ကဲ......ကိုယ်ကဖတ်ပြမယ်။