For Unicode
ဂျုံးဂု၏ စကားအောက်တွင် ထယ်ယောင်း၏ အန်တီလေးမှာ ခနမျှငြိမ်သက်သွားသည်။ ဂျွန် မျိုးဆက်၏ သခင်လေးရဲ့စကားဟာ နောက်ပြောနေတာလဲ မဖြစ်နိုင်သလို သူတို့မိသားစုအတွက် ထိုငွေပမာဏမှာ ကြိုက်သလိုဝဲပစ်နိုင်သော ပမာဏမျှသာဖြစ်တာကိုလဲ နားလည်သည်။
ဒါပေမယ့် ဘာလို့ ထယ်ယောင်းတဲ့လဲ?ထယ်ယောင်း ကို သူမလှမ်းကြည့်လိုက်တော့ ငြိမ်သက်အေးစက်နေတဲ့ မျက်လုံးတွေနှင့် ဘာစကားမှကို ၀င်မပြောတော့။
ထိုအစား သူ၏သူငယ်ချင်းဖြစ်သူ ဂျယ်ဂျွန်းကသာ
" မင်းရူးနေလား "
ဟု ဒေါသတကြီးအော်ဟစ်ပြီး ထယ်ယောင်းကိုပြန်ဆွဲဖို့ပြင်သည် ။
" ဂျယ်ဂျွန်း "
ငြိမ်သက်နေခဲ့သော ထယ်ယောင်းက ၀င်ပြောလိုက်ခြင်းဖြစ်သည်။
" ပြန်လိုက်တော့။ဒါ ငါတို့အိမ်ကိစ္စ မို့ ငါတို့ပဲ"
" ထယ်ယောင်း မင်း!"
ဂျယ်ဂျွန်းသည် ထယ်ယောင်းကို တည်တည်ကြီးစိုက်ကြည့်နေကာ ချာခနဲ လှည့်ထွက်သွားသည်။
ဂျုံးဂုကတော့ ထယ်ယောင်းလက်ကို ဖြေလျော့ပေးခြင်းပင်မရှိပဲ ဆွဲကိုင်ထားကာ တစ်ဖက်က အဖြေကို စောင့်နေသည်။" မင်း....အန်တီတောင်းသမျှကို ပေးနိုင်လား"
ဂျုံးဂုသည် မေးရိုးတို့ တင်းခနဲ ဖြစ်သွားကာ ထယ်ယောင်းကို ငေးစိုက်ကြည့်လိုက်၏။ စိတ်ဝိညာဉ်ပျောက်ဆုံးနေသလို ထိုပုံရိပ်လေးက အရင်က လန်းဆန်းစွာပြုံးရယ်နေခဲ့သော မျက်နှာလေးကိုပင် မေ့သွားစေသည်။
" ဘယ်လောက်လိုချင်လဲ ရေးထားလိုက်။ ဒါပေမယ့် တစ်ခုတော့ရှိတယ် "
" ဘာများလဲ "
" သူနဲ့ ဘယ်တော့မှ မပတ်သတ်ရဘူး "
သူဆိုတာသည် ထယ်ယောင်းကို ရည်ညွှန်းမှန်း သိတာမို့ အန်တီလေး ခနငိုင်ကျသွားသည်။ ထယ်ယောင်း၏ မျက်တောင်လေးတွေလဲ ဆတ်ခနဲပင် လှုပ်ခတ်သွားသလိုရှိ၏။
ခနအကြာ သက်ပြင်းချသံတစ်ခုနှင့်အတူ...
" ရတယ်။ ထယ်ယောင်း အန်တီလေးကို အပြစ်မတင်ပါနဲ့။ အန်တီလေး လဲ ကြံရာမရ ဖြစ်လွန်းလို့ "
YOU ARE READING
The Next Chapter: Echo
Fanfictionပဲ့တင်သံတွေလို ပြေး၀င်လာတဲ့ ချစ်ခြင်းရဲ့ အရှိန်အဟုန် တွေကြား ချစ်သူဟာ စာမျက်နှာသစ်တစ်ရွက်ကို ဖွင့်လှစ်ခဲ့တယ်။ ကဲ......ကိုယ်ကဖတ်ပြမယ်။