3

3.5K 474 33
                                    

For Unicode

" အချစ်ဆိုတာ နာကျင်မှုသီးသန့်ပဲတဲ့ "

" ဥပဒေနဲ့ အပြစ်ပေးလို့မရတဲ့ လူသတ် တရားခံ "

" လက်နဲ့ လှမ်းကုတ် လို့မရတဲ့ ခြင်ကိုက်ဖု "

ထယ်ယောင်း၏ အသံသည် ကျောင်း၏ ကော်ရစ်ဒါတစ်လျှောက် တွင် လျှံထွက်နေကာ သူ၏ အပေါင်းအပါတစ်ချို့ကတော့ အင်မတန်စိတ်ပျက်နေဟန်ရှိသော မျက်နှာပေးဖြင့် နားထောင်နေကြသည်။

" မင်းရဲ့ တစ်ထောင့်တစ်ည ဒဿန တွေက တဖြည်းဖြည်း အောလာလိုက်တာ "

တစ်ယောက်က ရင်နှင့်ရင်း၍ ချီးကျူးခန်းဖွင့်သော်လည်း ထယ်ယောင်းက နှုတ်ခမ်းလေးကို ထော်ကာ လေချွန်လိုက်ပြီး သူ၏ အိတ်ထဲမှ ပီကေ လေး တစ်ခုကို ထုတ်ယူလိုက်သည်။

ခနအကြာ  ကျောင်းဆောင်၏ ရှေ့ဆုံးအခန်းဆီ ဖြောင့်နေအောင် လျှောက်သွား၍ ထို စိမ်းပြာရောင် ပီကေလေးကို စားပွဲ တစ်ခုပေါ် ပစ်တင်ရင်း 

" ဂျုံးဂု မရှိဘူးလား "

ဟု လူတွင်ကျယ်လေးလုပ်ကာ အတန်းထဲက လူတွေကိုမေးလိုက်သည်။ အကြောင်းသိနေသော ဟန်ဖြင့် အတန်းထဲက လူတစ်ချို့က ခေါင်းသာခါပြကာ ဘာမှမပြောတော့။

ထယ်ယောင်း ဟွန်း ခနဲ နှာမှုတ်ကာ အတန်းထဲက လှည့်အထွက် သူ့နောက်တွင် ရောက်နေသည့် လူတစ်ယောက် ကိုတွေ့လိုက်ရသည်။ ထိုသူကား သူရှာနေပါသော ဂျုံးဂု...

" ဂျုံးဂု ။ "

ဂျုံးဂု၏ မျက်နှာထားက မှင်သေသေပင် မမြင်ရသော လူတစ်ယောက်ကို ဆက်ဆံသလို ဘေးကို ရှောင်ပြီး သူ့ခုံနေရာတွင် ၀င်ထိုင်သည်။ စားပွဲပေါ်တင်ထားသော ပီကေ လေးကိုပင် လက်ဖြင့် ဆတ်ခနဲ ဖယ်ထုတ်လိုက်သေး၏။

ထယ်ယောင်း၏ပုံစံကတော့ ပန်းနှင့်အပေါက်ခံရသလို ပြုံးနေကာ ထိုပီကေ လေးအား ပြန်ကောက်၍ ခုံပေါ်ပြန်တင်ပေးသည်

" ဒါ ငါအကြိုက်ဆုံး အရသာလေး။ ဂျုံးဂု ကို ပဲ ငါက‌ ကျွေးတာကို "

ထိုစဉ် လျှပ်စစ်ခေါင်းလောင်းသံကြောင့် အတန်းတွင်းအတန်းပြင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ထယ်ယောင်းလဲ လက်လေးကို ကပျာကယာ ယမ်းပြလျှက် သူ၏သက်ဆိုင်ရာ အတန်းဆီ ပြေးထွက်လာရသည်။

The Next Chapter: EchoWhere stories live. Discover now