အပိုင်း (၃)
Unicode
{Choi ရုံးဆင်းရင် အေးဆေးစကားပြောရအောင်}
{Ok bro မင်းကလေးအကြောင်းရင်ဖွင့်ဖို့လူလိုနေပြီပေါ့လေ မင်းကားနဲ့ပဲသွားမယ်လေ ဒရိုက်ဘာကို ငါပြန်လွှတ်လိုက်မယ်}
{Ok}
"Boss တတ်ပါခဗျ"
"တော်စမ်းပါကွာ မွန်းကြပ်လွန်းလို့"
"ဟား ဟား ဟား"
ဒီလ်ိုပါပဲ Choi ဆိုတာကျွန်တော့်ရဲ့ငယ်သူငယ်ချင်း လူယုံ အားကိုးရတဲ့တစ်ဥ်ီးတည်းသောသူစိမ်းပေါ့ အခုလည်းကျွန်တော့်နှလုံးသားကိစ္စမှာသူ့ဆီကနေအကြံဥာဏ်တွေလိုလာပြီမလို့အတူတူ bar ကိုသွားကြမလို့လေ
"ကဲပြောပါဦး အရင်နှစ်ကတည်းက ဘာမှအရေးမကြီးတဲ့ Meeting တောင် ကိုယ်တိုင်ကိုယ်ကျ ကနေဒါထိ oversea တွေသွားရတဲ့အကြောင်းအရင်းလေး"
"မင်းလည်းရိပ်မိလောက်ပြီကိုဘာလို့မေးနေတာလဲကွာ"
"ဟာ ဟိတ်ကောင်ရိပ်မိတာမရိပ်မိတာထက် မင်းငါ့ကိုအဲ့တာပြောချင်လို့ခေါ်တာမလား"
"ထပြန်လိုက်မှာနော်"
"အေးပါကွာ"
"မင်းမှတ်မိတယ်မလား ကနေဒါမှာရှယ်ယာအစည်းဝေးသွားတတ်တုန်းကအချိန်ကိုလေ"
"အင်း မှတ်မိတာပေါ့ မင်းလူတတ်ကြီးလုပ်ပြီး bike ပတ်စီးရင်းမျက်စိလည်သွားလို့ငါလိုက်ရှာရတာကိုလေ"
"တကယ်က ငါမျက်စိလည်တယ်ဆိုတာထက် store ဆိုင်ရှေ့မှာ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်လို့ သူ့နောက်ကိုလိုက်ကြည့်ရင်းမျက်စိမှောက်သွားတာ"
"ဆိုတော့ အဲ့ကောင်လေးက Seok Matthew ဆိုပါတော့"
"ဟုတ်တယ် သူပဲ အတောက်ပဆုံးပြုံးပြီးငါ့ကိုကြည့်နေတာ သူကတော့အခုငါ့ကိုမမှတ်မိပေမယ့် အဲ့ဒီ စက္ကန့် ၃၀ စာလောက်ကငါ့ဘဝကိုပြန်ပြီးစိုပြေသွားစေသလိုပဲ"
"ငါလည်း ငါ့ရဲ့ပထမဆုံးရင်ခုန်သံက ချစ်ဖို့ကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်နေတော့ကိုယ့်ခံစားချက်ကိုယ်သေချာအောင်အချိန်ယူပြီးစဥ်းစားခဲ့တယ် အထူးသဖြင့်ငါ့ရဲ့မသေချာတဲ့ခံစားချက်တွေကြောင့် ဒီကောင်လေးထိခိုက်မှာမလိုလားဘူး"