အပိုင်း (၁၄)
Unicode
🚪🚪
"Boss နေမကောင်းတာသက်သာသွားပြီလား"
"အင်း အအေးမိသလိုဖြစ်သွားတာပါ ခဏနဲ့တန်းသက်သာပါတယ်"
"ဟုတ်ကဲ့ပါ boss"
🚪🚪
"အကို ကျွန်တော်ရောက်ပြီ"
"အင်း အလုပ်လာလျှောက်တာလား"
အကို HanBin ကအလုပ်လာလျှောက်တယ်။ ငါတော့အသက်ရှူမချောင်တော့ဘူး ဒီ၂ယောက်နဲ့တော့။
"ဟုတ်တယ် Matthew အကိုလည်း ဒီမှာအလုပ်လုပ်တော့မှာ Team မတူပေမယ့် Company တစ်ခုတည်းဆိုတော့တွေ့ရတော့မှာ ဝမ်းမသာဘူးလား"
"ဝမ်းသာပါတယ်ရင်းနှီးတဲ့သူတစ်ယောက်တိုးတော့ အလုပ်လုပ်ရတာ ပိုပျော်ဖို့ကောင်းတာပေါ့"
HanBin Matthew ဆီလမ်းလျှောက်သွားပြီး မျက်နှာချင်းဆိုင်ရပ်လိုက်ကာ ခေါင်းလေးကိုဖွဖွပုတ်ပြီး
"အကိုက ဒီတိုင်းသာမာန်ရင်းနှီးသူပဲလား Matthew"
"ဟို အခုမှသိတဲ့သူတွေထက်တော့ပိုတာပေါ့ ကျွန်တော်တို့ သိလာတာ နှစ်ကကြာပြီကို"
"ဟုတ်ပါပြီ အကို့ ကျွန်တော်သွားတော့မယ်"
"အင်း"
HanBin ရိပ်မိပါသည်။ သူ့အကို Matthew ကို သဘောကျနေတယ်ဆိုတာကို အကုန်လုံးကအကို့အပိုင် ဖြစ်လို့တော့ရတယ် ကျွန်တော်ဘာကိုမှမမက်မောဘူး ဒါပေမယ့်အဲ့ဒီထဲ Matthew တော့မပါဘူး Matthew က အရင်ကတည်းက ကျွန်တော့်လူပဲ
"HanBin နဲ့ကတော်တော်ရင်းနှီးကြတယ်ထင်တယ် ရုံးခန်းထဲမှာတောင် လာပြီးကြည်နူးပြနေတယ် မလွန်ဘူးလား"
"Boss ပြောတာဘာအဓိပ္ပါယ်လဲ ကျွန်တော်တို့ကရိုးသားတယ် အဲ့လိုမျိုးလက်လွတ်စပယ်မပြောပါနဲ့"
"လက်လွတ်စပယ်မပြောစေချင်ရင် အနေအထိုင်ဆင်ခြင်"
"Boss မှာအဲ့လိုပြောပိုင်ခွင့်မရှိဘူးနော်"
"တောင်းပန်ပါတယ်ဗျာ ကျွန်တော်က ဟိုးအဝေးရောက်နေတဲ့ အပြင်လူပါ မင်းတို့၂ယောက်ကြားဝင်မရှုပ်တော့ပါဘူး"