အပိုင်း (၁၈)

244 32 0
                                    

အပိုင်း (၁၈)

Unicode

"ဘာစားမလဲကလေး"

"သုံးထပ်သားကင်"

"မစားရဘူးအရင်တစ်ခါလိုအစာမကြေဖြစ်နေမယ်"

"အဲ့တုန်းက နေရခက်လို့ မြန်မြန်စားပြီးပြီးတာပဲဆိုပြီး စားလိုက်လို့အဲ့လိုဖြစ်သွားတာပါ"

"ကိုယ့်စကားကြောင့်ဖြစ်သွားရတာပဲ ကိုယ့်အမှားပါ​ကလေးရယ်"

"ဘာမှလည်းဖြစ်တာမှမဟုတ်တာအဲ့ရုပ်ကြီးလုပ်မနေစမ်းပါနဲ့"

"အင်း အဲ့ဆိုင်ပဲသွားမယ်နော်အဆင်ပြေလား"

"ပြေတယ်ပြေတယ်"

25 mins later

"လာ"

Jiwoong တံခါးဖွင့်ပေးရင်းပြောလိုက်သည်။

"ကိုယ်မှာပေးရမလား"

"ဟုတ်ကဲ့"

"Matthew"

"ပြောလေ ကိုကို့"

"အခုထိမယုံနိုင်သေးဘူး Matthew က ကိုယ့်ချစ်သူ ဖြစ်သွားပြီဆိုတာကို"

"ကျွန်တော့်ကိုအဲ့လောက်တောင်ချစ်တာလား"

"ကိုယ့်ဘဝမှာ ပထမဆုံးအချစ်ပဲ ဒီအသက်အရွယ်မှအဲ့လိုပြောတာတော့ထူးဆန်းချင်ထူးဆန်းလိမ့်မယ် ဒါပေမယ့် အဲ့တာအမှန်ပဲဆိုတာ Choi ကော Yuri ကောသက်သေရှိတယ် ကလေး"

"ကိုကိုတစ်ယောက်တည်း ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ"

"ကျွန်တော်​နောက်ကျမှရောက်လာပေးမိလို့တောင်းပန်ပါတယ်"

" Matthew လေးကိုသိခွင့်ရတာနဲ့တင် ကိုယ့်အတွက်က ကံကောင်းလွန်းနေပါပြီ စောတယ်နောက်ကျတယ်ဆိုတာ အရေးမကြီးတော့ပါဘူး"

"ပြီးတော့အခုမှကလေးကိုသိတာမဟုတ်ဖူး ကိုယ်ကလေးကိုသိတာ တစ်နှစ်ခွဲကျော်ပြီ"

"ဘယ်လိုဖြစ်ပြီးသိတာလဲဟင်"

"ကိုယ်အကုန်ပြောပြမယ် ဒါပေမယ့်ကိုယ့်ကိုစိတ်မဆိုးဘူးလို့ကတိပေး"

"ဘာလို့စိတ်ဆိုးရမှာလဲ ပြောမှာသာပြောပြပါ"

"ကိုယ်ကနေဒါကို လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရောက်သေးတယ် ကိုယ့်အသိရဲ့ Company မှာ ရှယ်ယာထည့်ဖို့ကို သွားလေ့လာတာ"

StartedWhere stories live. Discover now