အပိုင်း (၁၂)
Unicode
JiWoong ကိုယ့်ခန္ဓာကိုယ်တောင် မသယ်ချင်တော့ပါ။ မနေ့ညကအိပ်ပျော်လားမပျော်လားလဲသေချာမသိတော့ပါ။ ပြန်ရောက်ကတည်းက ခေါင်မိုးထပ်မှာထိုင်နေမိတာ အန်တီ လာခေါ်မှ အခန်းထဲဝင်လာမိသည်။
"ဟဲ့ကောင် ရုံးမသွားဖူးလားပုံစံကဘာဖြစ်နေတာလဲ"
"လုပ်ပါအုံးကွယ် မနေ့ကပြန်ရောက်ကတည်းကအန်တီ ဘာမှလည်းမေးလို့မရဘူး JiWoong ကိုအခုလိုပုံစံ ကနေနလန်ပြန်ထနိုင်အောင်အန်တီတို့ဘယ်လောက်လုပ် ခဲ့ရလဲသားသိတယ်မလားမျှော်လင့်ချက်မဲ့နေတဲ့လူတစ်ယောက်လိုသူ့မိဘတွေထွက်သွားတဲ့အချိန်ကပုံစံမျိုးဖြစ်နေတာလုပ်ပါအုံးသားရယ်"
"JiWoong ဘာဖြစ်လို့လဲ ငါ့ကိုပြောပြမှ ငါကူညီပေးလို့ ရမှာလေ အဲ့လိုကြီးထိုင်မနေစမ်းပါနဲ့ "
"Choi ငါ့ကို Matthew ကအပြတ်ငြင်းလိုက်တယ်"
"သူ့ကို ငါကမမေ့နိုင်ရင်ငါ့နားကထွက်သွားမယ့်ပုံစံမျိုးပါ ပြောနေတယ်"
"ငါလေ သူ့ကိုဒီတိုင်းလက်မလျှော့နိုင်ဘူး သူတစ်ယောက်ပဲရှိတော့တာ ငါမျှော်လင့်တာသူတစ်ယောက်ပဲ"
"Matthew က ငြင်းတယ်ဟုတ်လား"
တစ်ခုခုတော့မှားနေတာ Choi သိလိုက်သည်။ JiWoong အကြောင်းမေးတဲ့အချိန်ဆို Matthew မျက်လုံးတွေကသိသိသာသာ အရောင်လက်လာတတ်တာ သတိမထားမိရလောက်အောင်တော့ သူမတုံးပါ။
"မင်းဘေးနားမှာသူရှိနေအုံးမှာပဲ ကြိုးစားလို့ရပါသေးတယ် ဒီနေ့တော့ Company ကိုသွားမနေနဲ့တော့ငါရှိတာပဲ နောက်ရက်မင်းအဆင်ပြေမှ လာခဲ့လိုက်"
"အန်တီ့ ကျွန်တော်သွားတော့မယ် တစ်ခုခုဆိုဖုန်းဆက်နော်"
"အင်းပါသားရယ်"
Matthew company ကိုရောက်ရင် Boss ကိုမျက်နှာချင်းဆိုင်ဖို့တွေးပြီးညကအိပ်တောင်မပျော် အခုသူရောက်တော့ Boss ကရှိမနေ
10:30AM Matthew မနေနိုင်တော့ပေ။ အကို Choi ကိုရှာပြီးမေးဖို့ထွက်လာခဲ့လိုက်သည်။
"အကို Choi အကို Choi"
Matthew လက်ဆွဲပြီး အရေးပေါ်လှေကားဘက်ခေါ်လာလိုက်သည်။