အပိုင်း (၈)
Unicode
ဒီနေ့ရုံးပိတ်ရက်မလို့Matthewစိတ်သက်သာရာရမိသည်။
မဟုတ်ရင်ညကကိစ္စတွေးပြီးမျက်နှာပူရအုံးမည်။
Matthewနဂိုကဒီလိုလူမျိုးမဟုတ်ပါအခုမှအကုန်လွဲပြီးတစ်ခုခုဆိုဝမ်းနည်းလွယ်ထိလွယ်ရှလွယ်ဖြစ်နေတာကိုယ့်ဘာသာလည်းအားမရပေ။"သားလေးနိုးပြီလား"
"ဟုတ်ကဲ့မေမေ"
"ဒီနေ့အလုပ်နားတယ်မလားမေမေနဲ့စျေးဝယ်ထွက်ရအောင် အိမ်မှာမရှိတာတွေများနေပြီ"
"ok မနက်စာစားပြီးရင်မေမေပြင်ဆင်လိုက်ပြီးရင် သွားကြမယ်"
"ဟိုအခန်းထဲက အန်တီလှလှလေးခင်ဗျ ပြင်လို့ပြီးသေးဘူးလား"
"အမလေး မအေကိုနောက်စရာမှတ်နေလားပြီးပြီသွားမယ်"
"☺☺"
"မေမေ ဘာအရင်ဝယ်မှာလဲ"
"သားလေးအသီးစားမလားအသီးအရင်သွားဝယ်ရအောင်"
"ဟုတ်ကဲ့"
"မေမေ့ သား အမဲရိုးစွပ်ပြုတ်စားချင်တယ်"
"အင်း လိုတာသွားဝယ်ရအောင်မေမေချက်ကျွေးမယ်နော်"
ဟိုဟို ဒီဒီလိုတာလေးတွေဝယ်ပြီးတော့ မုန့်ဝယ်ဖို့သွားတဲ့အချိန်
ရင်းနှီးတဲ့အသံကြားလိုက်တာကြောင့်နောက်ပြန်လှည့်ကြည့်မိလိုက်သည်။ ဖုန်းပြောနေတဲ့ ဂျီဝွန်းဟျောင်း အမ Yuri အတူတူစျေးဝယ်လာကြတာထင်တယ်seoulကကျယ်ပါလျှက်နဲ့ဘာလို့ ဒီ Mall ကိုလာဝယ်ကြတာလဲ
ဒါမျိုးတော့Matthewမတိုက်ဆိုင်ချင်ပါနှုတ်မဆက်ချင်တာကြောင့်ဂျီဝွန်းဟျောင်းသူ့ကိုမြင်သွားတာတောင်တမင်မျက်နှာလွှဲပြီးမေမေ့နောက်မှီအောင်လိုက်ခဲ့လိုက်သည်။"သားလေး ဘာဖြစ်လို့လဲမျက်နှာလည်းမကောင်း"
"မဟုတ်ပါဘူး ကျွန်တော် Toilet သွားချင်လို့"
ပန်းရောင်hoodieလေးနဲ့အဖြူရောင်ဒူးအထက်နားလေးထိပဲရှိတဲ့ဘောင်းဘီတိုနဲ့ကောင်လေးက ကိုယ့်ကိုမြင်ပါလျှက်နဲ့မသိချင်ယောင်ဆောင်သွားတာပဲ။ Ji Woong Yuri ကိုကားနားကစောင့်နေဖို့ပြောပြီး Matthew နောက်ကိုလိုက်လာခဲ့သည်။