အပိုင်း (၅)
Unicode
"မေမေသားပြန်ရောက်ပြီ"
"အစောကြီးကို အိပ်ပြီလားမသိဘူးပြန်လည်းမပြောဘူး"
Matthew လည်းပင်ပန်းသလိုရှိတာနဲ့ ကိုယ့်အခန်းကိုယ်ပဲတတ်လာလိုက်တော့တယ်
"ခုနက ငါ့စိတ်ထဲဘာဖြစ်သွားတာပါလိမ့်"
ဂျီဝွန်းဟျောင်း ဝယ်ပေးလိုက်တဲ့ဆေးတွေသောက်ပြီးရေချိုးဖို့ရေချိုးခန်းထဲဝင်လိုက်သည်။ရေအေးအေးရဲ့အထိအတွေ့ကြောင့်လူကောစိတ်ကောလန်းဆန်းလာတာကြောင့် မနက် Meetingမှာ လိုအပ်မယ့်ဟာတွေပြန်စစ်ပြီးအိပ်ဖို့ပြင်လိုက်တော့သည်။
At Morning
"မင်္ဂလာပါ Boss "
"အင်း"
နဂိုထက်ပိုပြီးမျက်နှာတည်နေတဲ့ Boss ကြောင့် Matthew ရှိန်နေမိတာတော့အမှန်ပေ။
"Matthew Meeting ခန်းထဲကိုစာရွက်စာတမ်းတွေသွားပို့ပြီးပြင်ထားလိုက် ကိုယ် Choi နဲ့ပြောစရာရှိလို့်နောက်မှလိုက်ခဲ့မယ်"
"ဟုတ်ကဲ့ boss"
"Choi ဒီနေ့လည်း ငါ့အဒေါ်ဆိုတဲ့အမျိုးသမီးနဲ့သူ့သားကဘာတွေဖျက်လို့ဖျက်ဆီးလုပ်အုံးမလဲမသိဘူး"
"မင်းအခုမှကြုံဖူးတာလဲမဟုတ်ပဲဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ"
"ငါ စိုးရိမ်တာက သူတို့ဘက်ကအရင်လိုမဟုတ်တော့ဘူး နောက်ကွယ်ကနေ Company ရှယ်ယာတွေရသလောက်ခိုးဝယ်နေတာသိပေမယ့် ဘယ်သူတွေဆီကနေဘယ်လောက်ထိ ဝယ်ထားတယ်ဆိုတာငါတို့မစုံစမ်းနိုင်တာကြောင့် အခြေအနေကခန့်မှန်းမရလို့ စိတ်ပူတာ"
"အဲ့တာတော့ဒီနေ့သူတို့်လာရင်သိရမှာပဲ"
"အင်း ဒါတော့ဒါပေါ့"
"သွားမယ်လေ စိတ်ချပါ ငါသေချာလေးကိုယ့်ဘက်ပါအောင်ရှင်းပြပေးပါ့မယ်"
"အေးပါ မင်းနဲ့ Ricky ကိုယုံပြီးသားပါ"
ချလောက် 🚪🚪
တခြားရှယ်ယာရှင်တွေနဲ့လူကြီးတွေရှေ့ကနေခန့်ခန့်ညားညားဝင်လာတဲ့BossကိုMatthewအကြည့်မလွှဲနိုင်ပဲငေးနေမိသည်။ ဘာမှန်းမသိတဲ့ခံစားချက်တစ်ခုနဲ့ပေါ့