အပိုင်း (၄)
Unicode
" အကို့ "
"ပြောလေ HanBin"
"Matthew က ဒုတိယနှစ်ပဲရှိသေးတာ အကိုသိတယ်မလား"
"အင်း သိတယ်လေ"
"အဲ့တာဘယ်လိုဖြစ်ပြီး အကို့လိုစေ့စပ်သေချာတဲ့သူရဲ့အတွင်းရေးမှူးဖြစ်နေတာလဲ"
"အလွန်ဆုံးမှ ကျောင်းထွက်ပြီးနောက်မှဆို Matthew ဒီရောက်တာ ၁လလောက်ပဲရှိအုံးမယ်ထင်တယ်"
"အကို့ ညီလေးကသိချင်တာတွေများလှချည်လား"
"သူကအလုပ်လာလျှောက်တယ်ကိုယ်ကသူ့ရဲ့ရိုးသားမှုကိုသဘောကျလို့အလုပ်ခန့်လိုက်တယ် ရိုးရိုးလေးပဲ"
"အခု အကိုမေးမယ် Matthew ဒီကိုရောက်နေတာအစကတိုင်သိတာလား"
"ဟင် ဘယ်လိုမေးခွန်းကြီးလဲ တရားခံစစ်နေသလိုပဲ"
"စောနကတွေ့လိုက်မှသိတာ ကျောင်းထွက်သွားတယ်ဆိုတာတောင် Matthew နဲ့ကျွန်တော်က Swimming Club တူတာမလို့ သိတာ"
"အော် အဲ့တာကြောင့် Major မတူတာတောင်သိတာကို"
"ဟုတ်တယ်"
"ဒါနဲ့ဘာလို့အကို့အိမ်မှာမနေပဲတိုက်ခန်းရှာခိုင်းတာလဲ"
"ကြီးကြီးကိုအားနာလို့ အကို့လို အေးတိအေးစက်ဇီဇာကြောင်တဲ့သူနဲ့တစ်သက်နေလာရတာနဲ့တင်ပင်ပန်းလှပြီ ကျွန်တော်ကပါဒုက္ခမပေးချင်ဘူး"
"ဟ Sung HanBin ငါကအဲ့လောက်ဆိုးလို့လားကွ"
"အင်းဆိုးတယ်"
"ရောက်ပြီ ဆင်းတော့ကိုယ်ကြိုက်တဲ့နေရာပြောပြီးပွဲစားကိုတိုက်ခန်းလွတ်ရှာပေးဖို့မှာခဲ့လိုက်မရခင်အခုရက်ပိုင်းတော့ ငါ့အိမ်လိုက်နေပေါ့"
"ဟုတ်ကဲ့"
"ပြီးရင် အိမ်ကိုမင်းအထုတ်တွေပြန်ထားပြီး အလုပ်မှာ Matthew ကိုသွားခေါ်မယ်"
"ဟုတ် ဟုတ် နားငြီးလာပြီပွစိပွစိနဲ့ အဲ့တာကြောင့်မိန်းမယူပါတော့လို့ပြောတာ"
"😑"
At Company
boss မှာထားတာတွေအကုန်လုပ်ပြီးပြီဆိုပေမယ့် အခုထိစိတ်နဲ့လူနဲ့မကပ်သေး အရင်ကကိုယ်သဘောကျဖူးသလိုရှိတဲ့သူကိုရုတ်တရက်တွေ့လိုက်တော့ ထွက်ပြေးချင်စိတ်ပါပေါက်သွားမိတာမနူးမနပ်အရွယ်မှာ ကိုယ့်အပေါ်ညီလေးတစ်ယောက်လိုဂရုစိုက်ပေးခဲ့တာကိုအထင်လွဲမိတာခံစားချက်မရှိတော့ပေမယ့်အခုထိကိုလိပ်ပြာမလုံသလိုပဲ