အပိုင်း (၁၀)
Unicode
"Boss"
"ပြောလေ"
"ကျွန်တော်က ကလေးနဲ့တူနေလား"
"တူတယ် တော်တော်လေး"
"ရည်းစားထားကြည့်မှဖြစ်မယ် အဲ့တာမှ လူကြီးနဲ့တူသွားမှာ"
"ဟင် ရည်းစားထားတာနဲ့လူကြီးဖြစ်မယ်လို့ဘယ်သူမြှောက်ပေးတာလဲ"
"အကို Choi ပြောတာ အကို Choi က Matthew က ကလေးလေးကျနေတာပဲတဲ့ ရယ်လိုက်ရင်ချစ်စရာလေးတဲ့ အဲ့တာကြောင့်ကလေးအရွယ်မဟုတ်တာမလို့အဲ့လိုအမြင်မခံချင်ဘူးလို့ပြောတော့ အကို Choi ကအဲ့လိုအမြင်မခံချင်ရင် ရည်းစားထားလိုက်လို့ပြောတယ်"
"ဘာ သူတကယ်အဲ့လိုပြောတာလား"
"အင်း"
"တွေ့မယ်အဲ့ကောင်"
"ပြီးတော့ Matthew လျှောက်မတွေးစမ်းနဲ့ ကလေးနဲ့တူတယ်ဆိုတိုင်းမင်းကို မရင့်ကျက်ဘူးလို့ပြောတာမဟုတ်ဘူး"
"Boss အခုချိန်ထိရည်းစားဘယ်နှယောက်ထားဖူးလဲ"
"မထားဖူးဘူး တစ်ယောက်မှ"
"တကယ်ကြီး"
"အဲ့လောက်ထူးဆန်းလို့လား"
"ထူးဆန်းတာပေါ့ boss ရုပ်ရည်နဲ့ဆိုမိန်းမယူမယ်ဆိုရင်တောင် မိန်းမကောင်းမရှားတာကို"
"အင်း လက်ခံပါတယ် ကိုယ်ကချောတာကို"
"ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူတော့ရှိတယ် ဖွင့်ပြောသင့်မပြောသင့် စဥ်းစားချင့်ချိန်နေတာ"
"သြော် Boss ကကံကောင်းမှာပါ တစ်ဖက်မိန်းကလေးလည်း Boss လိုလူရဲ့အချစ်ကိုရတာကံကောင်းပါတယ်"
"အင်း မိန်းကလေးမဟုတ်ဖူး တစ်နေ့မင်းလည်းသိလာမှာပါ"
Matthew ဘာမှပြန်မပြောမိ အဲ့တာဘာသဘောလဲငါ့က်ို သူ့ wedding ကျဖိတ်မယ်ဆိုတဲ့သဘောလား။ သိချင်လိုက်တာ သူသဘောကျတဲ့သူကဘယ်လိုပုံစံဆိုတာကို
"Boss"
"ဗျာ ဒီနေ့ပြောစရာတွေများတယ်ထင်တယ်"
"ဒါမေးပြီးရင်တော်ပြီ Boss မိဘတွေအကြောင်းလည်း ပြောတာမကြားဖူးသလိုပဲနော်"