အပိုင်း (၇)
Unicode
မနက်ခင်းကအရင်နေ့တွေလိုကြည်လင်မနေဘဲခေါင်းထဲမှာချာချာလည်နေသည်။ ညကလည်းမူးပြီးနောက်ပိုင်းဘာမှမမှတ်မိစဥ်းလည်းမစဥ်းစားချင်တော့။
"မေမေ သားခေါင်းကိုက်တယ်"
"ရုံးကလူကချီပြီးတောင်ပြန်ခေါ်လာရတဲ့အထိသောက်လာတာကိုခေါင်းကဘယ်ခံနိုင်ပါတော့မလဲ"
"ဗျာ ချီခေါ်လာတယ်"
"ဟုတ်တယ်လေ"
"သွားပါပြီမေမေရာ အဲ့တာကျွန်တော့်အလုပ်ရှင်ဥက္ကဋ္ဌဗျ"
"ဖြစ်ရမယ် ငါ့သားလေးရယ် သားတို့အလုပ်ရှင်က သဘောကောင်းမယ့်ပုံပဲ ရည်ရည်မွန်မွန်လေးပါ"
"ဟုတ်တယ်မေမေရဲ့ Boss က သဘောလည်းကောင်းသလို
အရမ်းလည်းစည်းစနစ်ကျတာသူ့အသက်အရွယ်နဲ့ဆိုတော်တော်လေးအရည်ချင်းရှိတဲ့သူလို့ပြောရမှာပဲ""ကိုယ့် သူဌေးအကြောင်းကိုများကြွားနေလိုက်တာ အဲ့လောက်တောင်သဘောကျတာလား"
"ဟင် ဘာကိုလဲမေမေ"
"သြော် သူဌေးရဲ့လုပ်ရည်ကိုင်ရည် ကိုအဲ့လောက်တောင်သေဘာကျသလားလို့"
"ဟီးဟီး"
"ဟင်းရည်များများသောက်ခေါင်းကြည်အောင်လို့ ပြီးရင်အလုပ်သွားဖို့ပြင်တော့"
"ဟုတ်"
Boss ကိုတွေ့ရမှာမျက်နှာပူလိုက်တာ
🚪🚪
"Matthewနေလို့ကောင်းရဲ့လားဒီနေ့လာတာနောက်ကျတယ်နော်"
"ဟုတ်ကဲ့ Boss အဆင်ပြေပါတယ် နောက်ကျတာက ဟိုလေ"
Matthew Company ရှေ့နားက cafe မှာ 45mins လောက်ထိုင်ပြီးမှ ဝင်လာခြင်းဖြစ်သည်။ အကြောင်းပြချက်မရှိတော့ပြန်မဖြေတတ်ပေ
"ထားပါ"
🚪🚪
"ဘာလာလုပ်တာလဲ"
"ငါ့တူငါတောင်လာတွေ့ခွင့်မရှိတော့ဘူးလား"
"ဘာလိုချင်လို့လဲ"
Ji Woong တမင်အသံကိုဖိပြောလိုက်သည်။
"HanBin ကို ဒီ Company မှာအလုပ်ခန့်ပေး"