🌹(2)

237 21 0
                                    

🌹(2)

Hanbinက သူ့နှာခေါင်းထိပ်မှာ လာရိုက်ခက်တဲ့ လေသံလေးကြောင့် အရှေ့ကိုတိုးနေတဲ့ ခန္ဓာကိုယ်က တခဏ ငြိမ်သက်သွားတယ်။

"Hanbin"

"ဟင်"

"Banana milk ကျန်သေးလား ငါထပ်သောက်ချင်လို့"

ရှက်ကိုးရှက်ကန်းနဲ့ အိတ်ထဲမှာ ကျန်နေသေးတဲ့ ဗူးလေးကို ထုတ်ပေးလိုက်တယ်။

မှတ်မှတ်ရရ အဲ့နေ့က Zhang Hao အိမ်ကို ပထမဆုံးအကြိမ်လိုက်ပို့ဖူးတာပါ။ညနေစောင်းပိုင်းမို့ လေအေးတွေတစ်ချက်ချက်တိုက်နေတာကိုလဲ သတိရသေးတယ်။

"Zhang Hao ကဒဏ်ရာတွေနဲ့ အိမ်ကအမေက စိတ်ပူနေတော့မှာပဲ"

အချိုရည်ဗူးကိုသောက်ရငိးနဲ့ Zhang Hao က ခေါင်းရမ်းပြတယ်။

"ဒီထိပဲ လိုက်ပို့တော့"

"အိမ်ထိလိုက်ပို့ရင် မုန့်ကျွေးရမှာစိုးလို့လား",

"မဟုတ်ပါဘူး ငါ့အမေက နည်းနည်း အပေါက်ဆိုးတယ် မင်းကိုဆူလိုက်မှာစိုးလို့"

"မဆူလောက်ပါဘူး ငါကရုပ်ချောတယ်လေ"

Zhang Hao က သောက်ပြီးသား အချိုရည်ဗူးခွံနဲ့ Han Bin ကို ပစ်ပေါက်ပြီး ဇွတ်အတင်းပြန်ခိုင်းတယ်။

သစ်ပင်မှာ အစိမ်းရောင်သစ်ရွက်လေးတွေ စုံလာတာနဲ့အမျှ
နွေကနေ ဆောင်းဦးကိုဝင်လာတဲ့ သဘာဝတရားနဲ့အတူ
Hao နဲ့ Hanရဲ့ ခင်မင်မှုက ကြီးထွားလာခဲ့တယ်။

စာမေးပွဲရလဒ်ထွက်လာရင်

"Zhang Hao အဆင့် တစ်"

Zhang Hao နောက်မှာ ထိုင်တဲ့ Han Bin က Zhang Hao နောက်ကျောလေးကို လက်ညှိုးလေးနဲ့ တို့ပြီးပြောတယ်။

"နောက်ဆုံးတော့ အတန်းရဲ့ ဇာတ်လိုက်နေရာရောက်ပြီ အဆင့် တစ်ကို ကြောငြာတော့မယ်နော်"

"Han Bin ပဲနေမှာ"
"တရုတ်ကျောင်းသားလေးရလောက်တယ်"
"တစ်ကျောင်းလုံး အဆင့် တစ် Sung Hanbin "

ကျောင်းသားတွေရဲ့ ခန့်မှန်းချက်က Sung Hanbin ဆိုပေမယ့်
Sung Hanbin ရဲ့ အဆစ်တစ်က "Hao" လို့အမည်ရတဲ့ ကောင်လေးငယ်။

"ထင်ထားတဲ့ အ‌တိုင်း ကျောင်းသား Sung Hanbin အဆင့်တစ်
အရင်လထက် အမှတ်နည်းတယ်ဆိုပေမယ့် အဆင်ပြေသေးတယ်
အမှတ်စာရင်းစာရွက် လာယူလှည့်"

RõzëWhere stories live. Discover now