🌹(8)

167 16 0
                                    

🌹(8)

Zhang Hao ငိုလို့ အိပ်ပျော်သွားပြီး ခနနေတော့ Han Bin က ဖုန်းဆက်တယ်။

"ဟယ်လို"

"Hao နေကောင်းရဲ့လား မနေ့က ဖန်ခွက်ကျကွဲတယ် စိတ်ထဲသိပ်အဆင်မပြေလို့"

ဟော ကြည့်။Gyu Vinတောင် အခြေအနေပြောစရာမလိုဘူး ကြိုသိနေပြီလေ။

"Zhang Hao  assignment မအောင်ဘူး"

"ဟင် Hao အရမ်းငိုနေတာလား အခုရော ဘာလုပ်နေလဲ"

"ခုနကတော့ အရမ်းငိုပြီး အခုအိပ်သွားပြီ"

"Hao အရမ်းဝမ်းနည်းနေမှာ ဘယ်လိုလုပ်ရမလဲ"

Han Bin ကအရင်ကလိုပဲ Gyu Vin ဆီ အကြံဉာဏ်တောင်းလိုက်တယ်။

"ကျွန်တော်တို့ vc ပြောကြမလား Haoကိုပြမယ်လေ"

"အော် အင်း အင်း ငါခေါ်လိုက်မယ်"

ဖုန်းချပြီး ခနနေတော့ Han Bin က vcခေါ်တယ်။

"ခင်ဗျား နေကောင်းရဲ့လား လက်က ဘာဖြစ်တာလဲ"

Hanbin က အိပ်ယာနိုးချင်းမို့ မျက်နှာကို လက်နဲ့ပွတ်လိုက်တော့ လက်မှာကပ်ထားတဲ့ အနာကပ်ပလာစတာကို Gyu Vin က မြင်လို့ မေးလိုက်တယ်။

"မနေ့က ဖန်ခွက်ကွဲတာ သိမ်းရင်း ရှသွားတာ Haoရော"

Hanbin က Haoပဲမေးနေလို့ Hao ဘက်ကို ကင်မရာလှည့်ပြလိုက်တယ်။

"Han လား"

အိပ်နေတဲ့ Zhang Hao က ထထိုင်လာပြီး Hanbin နဲ့ စကားပြောတယ်။Gyu Vinကတော့ အပြင်ခနထွက်ပေးတယ်။

"Hao မင်းအကောင်းဆုံးလုပ်ခဲ့တာမို့ နောင်တရမနေပါနဲ့"

"ငါ့ရဲ့ကြိုးစားမှုကို နောင်တရတာမဟုတ်ဘဲ ငါမင်းနဲ့တွေ့ခွင့်မရတာကို တွေးပြီး ကြောက်တာ တကယ်လို့ငါကမကြိုးစားခဲ့ပဲ ပိုက်ဆံပေးပြီး အောင်တာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်အောင်ရင်တောင် မင်းနဲ့တွေ့ရရမှာမို့ ပျော်ချင်ပျော်နေမှာ ငါတောင်းပန်ပါတယ်"

"မဟုတ်တာ အဲ့လိုတွေမပြောပါနဲ့ နောက်ကြိုးစားလို့ရပါသေးတယ် ဆရာဝန်လေးဖြစ်ဖို့ တစ်နှစ်ပဲကျန်တော့တာမလား ငါ လေးနှစ်ကျော်စောင့်ခဲ့ပြီးပြီ တစ်နှစ်လောက်တော့ ထပ်စောင့်နိုင်ပါသေးတယ် မငိုနဲ့နော်"

RõzëWhere stories live. Discover now