🌹(11)

175 22 6
                                    

🌹(11)

ဒီနေ့က Hanbin တို့တက္ကသိုလ် ဘက်စ်ကတ်ဘောအသင်း အနိုင်ရတဲ့အတွက် ဂုဏ်ပြုပွဲလုပ်ပေးတဲ့နေ့။အသင်းသားတွေနဲ့ စီနီယာတွေလောက်ပဲ ဖိတ်တဲ့ပွဲမို့ လူတော့ သိပ်မများဘူး။Hanbinလဲ ဆိုင်မှာရောက်နေပြီ Zhang Hao လဲပါတယ်။

"Matthew ဆီ ဖုန်းဆက်သေးလား လာမှာတဲ့လား"

"ဖုန်းမကိုင်ဘူး လာမှာပါ ဒီပွဲက သူ့ပွဲပဲကို"

Zhang Hao နဲ့ စကားပြောရင်း မျက်နှာချင်းဆိုင်က ကောင်လေးနှစ်ယောက်ပြောနေတာကို Hanbin ကြားလိုက်မိတယ်

Matthew က ပျောက်နေတယ်။Zhang Hao ပြန်ရောက်လာတဲ့နေ့ကတည်းက Hanbin ဆီ အဆက်အသွယ်မလုပ်ဘူး။GyuVinက Matthew နဲ့အတူတူလိုက်နေတာမို့ မေးကြည့်တော့ အိမ်မှာပဲရှိတယ်တဲ့။ဖုန်းဆက်တော့ မကိုင်ပြန်ဘူး။

Zhang Hao ပြန်ရောက်ကတည်းက Hanbin လဲမအားရဘူး။ချစ်ရသူကို ဆေးရုံအပို့ အကြိုလုပ်ရတာနဲ့ ကော်ဖီဆိုင်မှာ တစ်ယောက်တည်းရုန်းကန်ရတာနဲ့ Matthew ဆီ သွားမယ် သွားမယ်နဲ့ မသွားဖြစ်ဘူး။

"Han Han"

"ဟင် အင်း"

"ဘာတွေ တွေးနေတာလဲ ငါမနက်ဖြန် ဈေးဝယ်သွားချင်လို့"

"အင်း သွားကြမယ်လေ Haoက ဘာတွေဝယ်ချင်လို့လဲ"

"မင်းအိမ်အတွက်လိုတာတွေရော ငါလိုတာလေးတွေရော ဝယ်ကြမယ်လေ ဈေးဝယ်မထွက်တာလဲ ကြာပြီမို့လား"

"အင်း အဆင်ပြေပါတယ်"

Hanbin က Hao ဆံပင်လေးတွေကို ထိုးဖွရင်း ပြောလိုက်တယ်။

ဘားတန်းမှာလဲ Hanbin သူငယ်ချင်းတွေနဲ့ ပြည့်နေပြီ။သောက်စားပြီး ပျော်ပါးသူက ပျော်ပါးနှင့်နေပြီ။Matthewက ရောက်မလာဘူး။

"Hao အများကြီး မသောက်နဲ့ မနက်မထနိုင်ဘဲ နေမယ်"

တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်နေတဲ့ Hao ကိုတားပြီး Hanbin က ခွက်ကို ယူသောက်လိုက်တယ်။ပြောသာ ပြောတာ Hanbin လဲ နည်းနည်းများနေပြီ။

"မင်းကမသိလို့ပါ ငါကအရက်ကို ခံနိုင်ရည်ရှိတယ်"

Zhang Hao က ပါးတွေ နားတွေရဲနေတဲ့ကြားထဲကနေ Hanbin ကို နှုတ်ခမ်းထော်ထော်နဲ့ပြောနေတာမို့ Han Bin ရယ်ပြီး Zhang Hao ကို အသာလေး ဆွဲနမ်းလိုက်တယ်။

RõzëWhere stories live. Discover now