🌹(13)
Zhang Hao ကိုရီးယားမှာ ရောက်နေတာ ၃လလောက်ရှိပြီ။Hanbinကို သူ့အမေက ခနပြန်လာဖို့ လှမ်းခေါ်လို့ Zhang Hao လဲ လိုက်သွားဖြစ်တယ်။ကိုယ်ပိုင်ကားရှိတယ်ဆိုပေမယ့် Hanbin က ကားမမောင်းချင်မှန်းသိလို့ အငှားကားစီးဖို့ ပြောပေမယ့် ပိုက်ဆံကုန်မှာစိုးလို့ သူကိုယ်တိုင်ပဲ မောင်းခဲ့ပါမယ်တဲ့လေ။
"Han အမေက ငါ့ကို မှတ်မိပါ့မလား"
"မှတ်မိတာပေါ့ ကိုယ်နဲ့ဖုန်းပြောတိုင်း Hao အကြောင်းပြောဖြစ်တယ် အမေက အရမ်းတွေ့ချင်နေတာ"
"ဟုတ်လား အခုက ဘာအရေးကြီး ကိစ္စရှိလို့လဲ"
"အော် အရင်ရက်တွေက အိမ်မက်တွေ မကောင်းတဲ့ အကြောင်း အမေကိုပြောပြတော့ နတ်ဆရာမ မေးရမယ်လို့ ဇွတ်အတင်းပြောနေတာ အခုလဲ အဲ့တာမေးပေးဖို့ လှမ်းခေါ်တာ"
"ဘာအိမ်မက်တွေမက်လို့လဲ သရဲကြီးက Hanbin ကို လိုက်ကိုက်လို့လား ဒါမှမဟုတ် တိုက်ပေါ်က ပြုတ်ကျတယ်လို့ မက်လို့လား"
Zhang Hao က Passenger ခုံမှာထိုင်ပြီး ချစ်စရာကောင်းအောင် ပုံစံအမျိုးမျိုးလုပ်ပြတော့ Hanbin ရယ်လိုက်မိတယ်။
"အကို အိမ်မက်ဆိုးတွေမက်ရင် စာရွက်ပေါ်မှာဖြစ်ချင်တာတွေချရေးပြီး အိမ်မက်ကို ပြင်လို့ရတယ်တဲ့"
ရုတ်တရက်ကြီး Matthew စကားတွေနဲ့အသံချိုချိုလေးကို နားထဲကြားယောင်လာတယ်။ပါးဖောင်းဖောင်းလေးက မို့တက်ပြီး ပြုံးပြနေတဲ့ကောင်လေးက အမြင်အာရုံတွေထဲ နေရာယူထားတယ်။
"Han Han ဘာတွေတွေးနေတာလဲ ငါမေးနေတာ သုံးခါလောက်ရှိပြီ"
"ဟင် ဘာမေးတာလဲ"
"ရောက်တော့မှာလားလို့"
"ရောက်တော့မယ် ၁၅မိနစ်ပဲ"
၁၅မိနစ်ကျော်လောက်ကျ Hanbin အမေရဲ့စွတ်ပြုတ်ဆိုင်ရှေ့ရောက်တယ်။ဆိုင်ကလူသိပ်မလာတော့ဘူး။Hanbin အမေကလဲ ပိတ်ထာူလိုက်ရမှာ နှမြောလို့ ဆက်ဖွင့်ထားတာ Hanbin ကော်ဖီဆိုင်လေးက ရတာနဲ့ သားအမိနှစ်ယောက်စားလောက်တယ်။
"အမေ"
"ဘာလို့နောက်ကျနေတာလဲ ဆရာမက စောင့်နေရလောက်ပြီ အမြန်လာ"