🌹(6)

163 17 0
                                    

🌹(6)

လက်ထဲကိုင်ထားတဲ့ Matthew ဖုန်းလေးကိုကိုင်ပြီး နံရံအကွယ်ကနေပဲ Han Bin စောင့်နေမိတယ်။

"ပြန်ရအောင်ပါကွာ ကိုယ်တောင်းပန်ပါတယ်"

ကားကိုမှီပြီး ငိုနေတဲ့ Matthew ကို Jiwoong က ချော့ပြီး ခေါ်ရှာတယ်။

"ပြန်နှင့် ကျွန်တော်ဖုန်းကျန်ခဲ့လို့ သွားပြန်ယူအုံးမယ်"

"ကိုယ်သွားယူပေးရမလား"

"နေပါ တော်ကြာထပ်ပြီး နှောက်ယှက်ခံနေရမယ် ပြန်‌နှင့်တော့ နောက်က လိုက်ခဲ့မယ်"

Jiwoong က Matthew စကားကို မလွန်ဆန်နိုင်တဲ့လူပါ။ဝန်ထမ်းတွေ ဒါရိုက်တာတွေ ရွယ်တူသရုပ်ဆောင်တွေနဲ့ဆို အကြည့်တစ်ချက်နဲ့‌တောင် အာဏာအပြည့်ရှိတဲ့ Kim Jiwoong က Seok Matthew ရှေ့ဆို အပြစ်လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို စကားလုံးတွေကို မလွန်ဆန်နိုင်ဘူး။

ကားကိုမောင်းထွက်သွားတဲ့နောက် Matthew လဲ ‌ကျန်နေခဲ့တဲ့ ဖုန်းကို သွားယူဖို့ ခြေလှမ်းလှမ်းလိုက်တယ်။

နံရံကွယ်လေးရဲ့ တစ်ဖက်ထိ လျှောက်သွားတော့ နောက်ကနေ အသံချိုချိုလေးက နာမည်လေးကို လှမ်းခေါ်တယ်။

"Matthew"

လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့အပြုံးလေးကို Matthew ငေးကြည့်မိတယ်။

"မင်းဖုန်းလေးကျန်ခဲ့လို့ အကိုလိုက်လာပေးတာ"

"ကျေးဇူးပါ"

Matthew က တုန်ရီနေတဲ့ အသံလေးနဲ့ပြန်ပြောပြီး ဖုန်းကို လှမ်းယူလိုက်တယ်။Han Binက ခေါင်းလေးငုံ့ထားတဲ့ ကောင်လေးကို ဂရုတစိုက်လိုက်ကြည့်ပေးတယ်။

"အဆင်ပြေရဲ့လား အကိုဖက်ထားပေးရမလား"

Han Bin က သူ့ရဲ့လက်တွေကိုဖြန့်ပြီး သူ့ရင်ခွင်ကို Matthew အတွက်ဖွင့်ပေးတယ်။

Matthew က Han Bin ရင်ခွင်ထဲ အသာဝင်ပြီး အားရပါးရ ငိုတယ်။

"ဘာလို့အခုမှ ပြန်လာရတာလဲ ကျွန်တော့်အကို့ကို ဘယ်လောက်တောင် ရှာခဲ့ရလဲ"

ဗလုံးဗထွေးပြောငိုနေတဲ့ Matthew စကားတွေကို Han Bin သေချာနားမလည်ပါ။ချစ်စရာကောင်းတယ်လို့ တွေးပြီး Matthew ခေါင်းလေးကို ပုတ်ပေးပြီး ပြုံးလိုက်တယ်။

RõzëWhere stories live. Discover now