🌹(15)

402 25 14
                                    

🌹(15)

"အကို"

"ဟင်"

"ဘာပန်းကိုအကြိုက်ဆုံးလဲ ဟင်"

Hanbin ကဆိုင်အတွက် လိုအပ်တာတွေဝယ်ရင် Matthew က ဘေးနားကနေ အမြဲတမ်းလိုက်လာတတ်တယ်။

"နှင်းဆီပန်း"

"တစ်မျိုးတည်းလား"

"အင်း သူကလှတယ်လေ အရောင်လဲ အစုံရှိတယ် အမဲရောင်က ရှားတာမို့ အမဲရောင်ကို ပိုကြိုက်တယ် Matthew ကရော"

"ဒေစီ"

"Matthew က ဒေစီနဲ့ လိုက်ပါတယ် ဖြူစင်တယ်လေ"

အဲ့နေ့တုန်းက ပန်းဆိုင်မှာ  Hanbin က ထူးထူးဆန်းဆန်း နှင်းဆီတွေဘက်ခြေဦးမလှည့်ပဲ ဒေစီပဲ ဝယ်ခဲ့မိတယ်။

.......... ................

"အကို"

"အမိန့်ရှိပါ"

‌basketball ကစားရင်းနဲ့ ခြေကျင်းဝတ်နာသွားတဲ့ Matthew ရဲ့ ခြေထောက်ကို ဆေးလိမ်းပေးရင်း Hanbin ကခေါ်တာကို ထူးလိုက်တယ်။

"ကျွန်တော် တက်တူးအသစ်ထိုးချင်တယ်"

"ဘယ်နားထိုးချင်တာလဲ Matthew က"

"နောက်ကျော"

"နောက်ကျောကို ဘာလို့လဲ"

"မမြင်ရဘူးလေ ဒါပေမယ့် တက်တူးက နောက်မှာရှိတယ်ဆိုတာသိနေတယ်လေ ဘာလို့ဆို ထိုးတုန်းက တအားနာခဲ့တာမို့"

အဲ့စကားကို Matthew က Hanbin ကို စေ့စေ့ကြည့်ပြီး ပြောတယ်။

"အကိုသိတဲ့ ဆိုင်တစ်ဆိုင်ရှိတယ် တက်တူးဆိုတာ တွေ့ရာဆိုင်မှာမထိုးရဘူး အကိုလိုက်ပို့ပေးမယ်"

"ဟုတ်"

ခြေထောက်ကို ပတ်တီးလေး သေချာပတ်ပေးပြီးတော့ Matthew ဘေးနား Hanbin ဝင်ထိုင်လိုက်တယ်။

"အကိုလဲ ထပ်ထိုးရင်ကောင်းမလား "

"အကိုက ထပ်ထိုးချင်လို့လား"

"Hao မကြိုက်လောက်ဘူး"

Matthew က ပါးစပ်လေး ပိတ်လို့ ခေါင်းလေး အသာညိမ့်တယ်။
ခနကြာတော့ Matthew က Hanbin ဘေးမှာပဲ ခေါင်းလေး ငိုက်စိုက်လို့ အိပ်ပျော်သွားတယ်။Hanbinက သဘောတကျကြည့်ပြီး ခေါင်းလေးကို ပုခုံးနဲ့ အသာအယာထိန်းပေးလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Aug 06, 2023 ⏰

Add this story to your Library to get notified about new parts!

RõzëWhere stories live. Discover now