🌹(3)

180 19 4
                                    

🌹(3)

Zhang Hao ရဲ့ လက်ရေးနဲ့ရေးပေးသွားတဲ့ ဖုန်းနံပါတ်တစ်ခုပါတဲ့ စာရွက်လေးကို ကိုင်ပြီး Han Bin တစ်ယောက်ကျန်နေရစ်ခဲ့တယ်။

"မင်း ဖုန်းဝယ်ဖြစ်ခဲ့ရင် ဒီနံပါတ်ကို ဆက်လိုက်" ဆိုတဲ့ Zhang Hao ရဲ့ အမှာစကားကို အထက်တန်းစာမေးပွဲပြီးတော့ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်။

Han Bin က သူ့ရဲ့မြို့လေး Chungcheongnam မှာရှိတဲ့ ကော်ဖီဆိုင်လေးမှာ အဖျော်ဆရာဝင်လုပ်တယ်။ဆိုင်လေးက မြို့ထဲလောက်မှာဆိုတော့ ဘက်စ်ကားစီးသွားရတယ်။Han Bin တို့‌အနောက်ထိပ်မှာလဲ ဘက်စ်ကား မှတ်တိုင်ရှိတာကို လူမနေတော့တဲ့ Zhang Haoတို့အိမ်ရှိတဲ့ လမ်းကြားထဲကနေ ဖြတ်ပြီးမှ ဘက်စ်ကားမှတ်တိုင်ကို သွားလေ့ရှိတယ်။

တစ်ရက်ကျ ရာသီဥတု အခြေအနေမကောင်းလို့ ဆိုင်ကနေ ပုံမှန်ထက်စောပြန်ခဲ့တယ်။Han Binရဲ့ စိတ်က အိမ်ကို မပြန်ချင်ဘဲ လူမရှိတဲ့ အိမ်ရှေ့မှာ ခြေလှမ်းတွေ ထပ်နေတယ်။

ဟိုတစ်ရက်က‌မှ အသစ်ဝယ်ထားတဲ့ ဟန်းဖုန်းလေးကို ကိုင်ရင်း နံပါတ်တစ်ခုကို ရိုက်ထည့်လိုက်တယ်။မီးတိုင်ရဲ့မီးရောင်က မှိတ်တုတ်မှိတ်တုတ်နဲ့ Han Bin ရဲ့စိတ်တွေကလဲ အရောင်တောက်လာလိုက် ဖျော့သွားလိုက်။

တီ~တီ~တီ~

ဝင်သွားတဲ့ ဖုန်းသံနဲ့အတူ ရင်ခုန်သံကလဲ မြန်နေဆဲပါ။

"ဟယ်လို"

တစ်ဖက်က ဖြေတဲ့သူအသံက အသက်ကြီးကြီး ဦးလေးကြီး တစ်ယောက်အသံမို့ ရုတ်တရက်ချပစ်လိုက်တယ်။

"Sung Hanbin ဘာဖြစ်နေတာလဲ Sung Hanbin မပီသအောင်
Zhang Hao ရှိလားလို့ မေးလိုက်ရင် ဖြစ်နေတာကို"

ကိုယ့်ကိုယ်ကိုယ် စကားပြောပြီး ဖုန်းနံပါတ်လေးကို နောက်တစ်ခေါက်ခေါ်လိုက်တယ်။

ပထမဆုံးအကြိမ် "တီ" ဆိုတဲ့ အသံကြားရချင်းမှာပဲ ဖုန်းကို တစ်စုံတစ်ယောက်က ‌ကိုင်လိုက်တယ်။တမင်သက်သက်စောင့်နေသလိုမျိုး။

"ဟယ်လို"

အသံချိုချိုလေး ကြားရပြနါတော့လဲ နှုတ်ခမ်းဖျားကနေ စကားမထွက်ဘူး။
ဖုန်းလေးကို ကိုင်ထားတဲ့ Hao ရဲ့လက်ကလေးက အရင်လို ဖြူဖြူဖွေးဖွေးလေးလား။
"ဟယ်လို" လို့ပြောလိုက်တဲ့ နှုတ်ခမ်းလေးက ရဲရဲဖူးဖူးလေးနေမလား။
မျက်လုံးလေးတွေက ပုံမှန်ထက် ဝိုင်းပြီး ချစ်ဖို့ကောင်းနေလေမလား။
သိချင်စိတ်ပြင်းပြနေလို့ နားရွက်လေးတွေက ကားနေလေမလား။

RõzëWhere stories live. Discover now