🌹(1)
စာရွက်ကြေကို လုံးခြေပြီး မှောင်မိုက်နေတဲ့ အခန်းနံရံပေါ်က ဓာတ်ပုံလေးကို မျက်ရည်တွေကြားထဲကနေ အတင်းထိုးထွင်းပြီး ကြည့်လိုက်တယ်။
"Hao"
နားထဲမှာ ကြားယောင်လာတဲ့ တစ်စုံတစ်ယောက်ရဲ့ အသံကို ခါးသီးစွာတွန်းထုတ်ပစ်လိုက်တယ်။
ဓာတ်ပုံထဲက ပြုံးနေတဲ့ Han ကို ကြည့်ပြီး လိုက်ပြုံးမိတယ်။
အတိတ်ကို တစ်ခေါက်ပြန်သွားပြီး ပြင်ဆင်လိုက်ရမလား Han.......
2015 ရဲ့ နွေရာသီလေးမှာ Hanbin တို့စာသင်ခန်းထဲကို Hao လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်လာခဲ့တယ်။
"နံပါတ် ၅ အဖြေ c
နံပါတ် ၆ အဖြေ a"ပထမအစမ်းစာမေးပွဲရဲ့ အဖြေတွေကို အရှေ့ကပြောပေးနေတဲ့ အတန်းခေါင်းဆောင်ရဲ့ အသံကို သေချာနားစွင့်ပြီး အဖြေတွေလိုက်တိုက်နေတဲ့ Sung Hanbin ဆိုတဲ့ ကျောင်းသားလေး။မူလတန်းကနေ အခုအလယ်တန်းထိ အဆင့်၁ဆိုတဲ့ နေရာကနေ ဆင်းခဲ့ခြင်းမရှိတာမို့ အခုလဲ ကြိုးစားပမ်းစား အာရုံစိုက်နေပုံရတယ်။
"နံပါတ် ၁၅ အဖြေကို မြန်မြန်အော်လိုက်စမ်းပါ"
အဖြေမရေမရာဖြစ်နေတဲ့ မေးခွန်းနံပါတ်၁၅ကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။
"နံပါတ် ၁၄ အဖြေ e
နံပါတ် ၁၅ အဖြေ...""ကလေးတို့ ခဏလေး အာရုံစိုက်ပေးကြအုံး"
မေးခွန်းနံပါတ် ၁၅ မှာ ရှိနေခဲ့တဲ့ Hanbinအကြည့်တွေက အတန်းထဲကို ဝင်လာတဲ့ ကာယဆရာနဲ့အတူ ပါလာတဲ့ ဖြူဖြူဖွေးဖွေးကောင်လေး ဆီကို ရောက်သွားတယ်။
Hanbin တစ်ယောက် မျှော်လင့်တကြီးစောင့်စားနေခဲ့ရတဲ့ အဖြေကို မသိလိုက်ရလို့ စိတ်ပျက်လက်ပျက်နဲ့ ဘောပင်ကို ပစ်ချပြီး ရှေ့ကိုပဲကြည့်လိုက်တယ်။
"အသစ်ရောက်လာတဲ့ ကျောင်းပြောင်း ကျောင်းသားပဲ နှုတ်ဆက်လိုက်အုံး သူငယ်ချင်းတွေကို"
နားရွက်ကားကား မျက်နှာသေးသေး ဖြူဖြူဖွေးဖွေးကောင်လေးက စနှုတ်ဆက်တယ်။