🌹(10)
Matthew တစ်ယောက် သူ့အမရဲ့ အကပြိုင်ပွဲကို အဖော်လိုက်သွားပေးရလို့ အဲ့နေ့က Hanbin နားမှာ ရှိမနေဖြစ်ခဲ့ဘူး။ပုံမှန်ဆိုရင် စိတ်ဖြောင့်လက်ဖြောင့် နေလို့ရပေမယ့် အခုက Gyu Vin ဆိုတဲ့ ကောင်လေးက အကို့နားမှာရှိနေတာမို့ စိတ်မဖြောင့်နိုင်။
အဲ့ကလေးက အရမ်း လက်ရဲဇက်ရဲနိုင်တယ်။အကို့အိမ်မှာလဲနေတယ် အကို့ကုတင်ပေါ်မှာလဲ အိပ်တယ်။တစ်ခါတစ်ခါ မနက်ခင်း အကို့ဆီသွားရင် သူကတံခါးဖွင့်ပေးတယ် အပေါ်ပိုင်းအဝတ်ဗလာနဲ့။
ဘယ်လိုပဲ ယောင်္ကျားလေးနှစ်ယောက်ပဲ နေပါတယ်ပြောပြော အနေအထိုင်တော့ ဆင်ခြင်သင့်တာပေါ့။အကိုကတော့ သိတဲ့အတိုင်း ဘာမှမပြောဘူး။
Hanbin ကို အပြင်ထွက်ဖို့ အလည်ခေါ်ရင်လဲ သူကအမြဲတမ်းပါတယ်။ကလေးကလား ကစားကွင်းကိုချည်းသွားချင်နေတာ။ရိုလာကိုစတာမစီးရရင် နှုတ်ခမ်းဆူပုတ်နေတာနဲ့ အကိုက အလိုလိုက်ပြီး အတူတူစီးပေးတယ်။Matthewက အမြှင့်ကြောက်တာမို့ အောက်မှာပဲ စောင့်နေခဲ့ရတယ်။
ကံကောင်းတာတစ်ခုက Kim Gyu Vin ရဲ့ ကြောက်စရာကောင်းတဲ့ကစားနည်းတွေ လိုက်ဆော့ပေးပြီးရင် အကိုကပင်ပန်းပြီး Matthew ပုခုံးပေါ်မှီအိပ်နေတတ်တယ်။
"ခင်ဗျား ပင်ပန်းလို့လား ရေခဲမုန့်အေးအေးလေး ကျွန်တော်သွားဝယ်ပေးမယ်"
အကြီးကိုခေါ်တာလဲ ခင်ဗျား တဲ့လေ။ဘယ်လောက်တောင် ယဉ်ကျေးမှုမရှိလိုက်လဲ။
"အကို့ကောင်လေးကလဲ မဟန်လိုက်တာ"
"အကို့ ကောင်လေးမဟုတ်ပါဘူး Matthew ရဲ့"
Hanbin က Matthew ပုခုံးပေါ်မှီထားရာကနေ ထပြီး Matthew မျက်နှာလေးကိုကြည့်တော့ မျက်နှာက ဆူပုတ်နေတယ်လေ။
"ဒီနှစ်ယောက်ကတော့ ကလေးတွေကျနေတာပဲ တစ်ယောက်အကြိုက်လုပ်ပေးပြန်တော့လဲ နောက်တစ်ယောက်က မကြိုက်ပြန်ဘူး အကိုက ဘာလုပ်ပေးရမှာလဲ"
"ဘာမှလုပ်မပေးပါနဲ့ ပင်ပန်းနေတာမို့လား နားပါ"
Matthew က သူ့ပုခုံးပေါ် ပြန်အိပ်စေလိုတဲ့ သဘောနဲ့ ပုခူံကို ပုတ်ပြတယ်။