🌹(7)

139 16 0
                                    

🌹(7)

Hanbin ဆီကနေ နာမည်ကတ်လေး ယူပြီး ပြန်လာတော့ ညမိုးချုပ်နေပြီ။ည၈နာရီ ဝန်းကျင်လောက်ဖြစ်နေတာမို့ တိုက်ခန်းကို တန်းပြန်လာခဲ့တယ်။

အကိုကတော့ လိုက်ပို့ပေးမယ် ပြောပေမယ့် ကားပါးကင်ရောက်တော့ အကို့ဆီကို သူ့သူငယ်ချင်းဆိုသူက ဖုန်းဆက်လာတယ်။နာမည်လေးက "Hao"တဲ့။မအားမှန်းသိလို့ လိုက်ပို့ပါမယ်ဆိုတာကို ငြင်းပြီး တစ်ယောက်ထဲ ပြန်ခဲ့လိုက်တယ်။

"Matthew"

တိုက်ခန်းတံခါး ဖွင့်ဝင်လိုက်တော့ ဧည့်ခန်းထဲ ရောက်နှင့်နေတဲ့ Jiwoong က လှမ်းခေါ်တယ်။

"ဘယ်တုန်းက ရောက်နေတာလဲ"

Matthew လဲ ရေခဲသေတ္တာထဲ ကရေတစ်ဗူး ထုတ်ရင်း မေးလိုက်တယ်။

"ရိုက်ကွင်းပြီးတာနဲ့ တန်းလာခဲ့တာ Matthew က ပြန်မရောက်သေးတာနဲ့ အလုပ်လုပ်ရင်း စောင့်နေတာ"

"ကျွန်တော် အချိန်ပိုင်းအလုပ်သွားလုပ်တာ"

"ဟင် သုံးစရာပိုက်ဆံ မရှိတော့လို့လား"

ဆိုဖာပေါ်ထိုင်နေတဲ့ Jiwoong ဘေးနား သွားထိုင်လိုက်တယ်။

"မဟုတ်ပါဘူး တက္ကသိုလ်လဲ ပိတ်ထားတာဆိုတော့ ဒီအတိုင်းနေရမှာ ပျင်းလို့"

"Matthew ကလဲ တက္ကသိုလ်က တစ်ပတ်ထဲပိတ်တာကို အေးဆေးနားနေမှပေါ့"

Jiwoong က Matthew ကို အသာလေးဖက်ပြီး Matthew ရှေ့ဆံပင်လေးတွေကို သပ်တင်ပေးတယ်။

"အလုပ်တွေများတာကို ကျွန်တော့်ဆီ ဘာလို့လာနေသေးလဲ"

စားပွဲပေါ်မှာ ရှုပ်ယှက်ခတ်နေတဲ့ စာရွက်တွေကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

"ကိုယ့် ချစ်သူမျက်နှာ စူပုတ်ပုတ်လေးကို တွေ့ချင်သေးတယ်လေ"

"Jiwoong "

"ဟင်"

"ကျွန်တော် အကိုနဲ့ ပြန်တွေ့ပြီ"

Kim jiwoong ရဲ့ အကြီးမားဆုံး အားနက်ချက်နဲ့ အကြောက်ရဆုံး 'အကို' ဆိုတဲ့ နာမ်စားပိုင်ရှင်လေးနဲ့ Matthew က ပြန်တွေ့နေပြီတဲ့လား။

"ဘယ်လိုတဲ့လဲ သူက ကလေးကို မှတ်မိသေးရဲ့လား"

Matthew ကို ဖက်ထားတဲ့ လက်တွေက အမိန့်ပေးစရာမလိုပဲ အလိုလို လျော့ကျသွားတယ်။

RõzëWhere stories live. Discover now