The Moon Is Coming To Me

1.9K 281 12
                                    

The Moon Is Coming To Me
Chapter -9

ထောင်ရှီး စာသင်ခန်းထဲသို့ တစ်ယောက်တည်းသာ ပြန်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်တစ်ခေါက်မှစ၍ ပိချန်ဖေးက ဘတ်စကတ်ဘောကစားခြင်းကို စွဲလန်းသွားပြီး နေ့လယ်တိုင်း သွားလေ့ကျင့်နေသောကြောင့်ပင် ဖြစ်လေသည်။

သူ စာသင်ခန်းထဲသို့ ရောက်သည့်အခါ နေ့လယ်ပိုင်းနားချိန်ကုန်ဖို့ တစ်နာရီကျော်တောင်ကျန်နေသေးသည်။ ကျောင်းသားအများစုက ကော်ဖီဆိုင်၊ နို့လက်ဖက်ရည်ဆိုင်များတွင် သွားထိုင်နေကြပြီး အချို့ကမူ ကလပ်တွင်းလှုပ်ရှားမှုများကို သွားလုပ်နေကြသောကြောင့် စာသင်ခန်းထဲတွင် ကျောင်းသားသိပ်မရှိနေပေ။

သို့သော် ထောင်ရှီးအတွက်မူ လူအများကြီးရှိနေခြင်းက လင်ချင်းဟယ် ရောက်နေခြင်းလောက် စိတ်မကျဉ်းကြပ်စေပါချေ။

ခါတိုင်းရက်ဆိုလျှင် နေ့လယ်ခင်း၌ လင်ချင်းဟယ်က ရှိမနေတတ်ပေ။ လေ့ကျင့်ရန်အတွက် ကျောင်းဘတ်စကတ်ဘောကလပ်ကို သွားရခြင်းကြောင့် ဖြစ်မည်။ သိုသော် ယနေ့တွင်မူ ထိုသူက အခန်းထဲတွင် ရွားရွားပါးပါး ရှိနေသည်။

လင်ချင်းဟယ်က ထိုင်ခုံတွင် ထိုင်နေပြီး နားကြပ်တပ်လျက် စာအုပ်တစ်အုပ်ကိုင်ကာ စာဖတ်နေသည်။ ဤတစ်ခေါက်တွင်မူ သင်္ချာဉာဏ်စမ်း၊ ရူပဗေဒဉာဏ်စမ်း စာအုပ်များဖတ်နေခြင်းမဟုတ်ဘဲ "ထူးကဲပြောင်မြောက် သရုပ်ဖော်စာစီကုံးစာအုပ်" ကို ဖတ်နေခြင်းပင်။ ဘေးတိုက်မျက်နှာကို ကြည့်လိုက်လျှင်တောင် စာဖတ္သူမွာ မည်မျှအလိုမကျဖြစ်နေကြောင်း မြင်ရပေမည်။ ထိုသူက မျက်မှောင်များကြုတ်ပြီး မနှစ်မြို့ဖွယ် တစ်စုံတစ်ရာကို ကြည့်နေရသည့်အလား စာရွက်ကို ခပ်မြန်မြန် တဖျပ်ဖျပ်လှန်နေသည်။

ဟယ့်ဝမ်ကျောင်းက သူ့ကို အတင်းဖတ်ခိုင်းခဲ့ခြင်းဖြစ်မည်။ ဟယ့်ဝမ်ကျောင်းက ကြင်နာကာ ဖော်ရွေတတ်ပုံရှိသော်လည်း ဒုက္ခပေးသည့်နေရာတွင်မူ ပိအောက်ရွှယ်ထက်ပင် မေလ်ာ့လွေပ။

ထောင်ရှီး သူ့ခုံသူ ခပ်ဖြည်းဖြည်း လျှောက်သွားပြီး စာရေးကိရိယာများယူကာ တခြားနေရာတွင် စာသွားကျက်လိုက်လျှင် ကောင်းမလားဟူ၍ တွေးလိုက်သည်။ သို့သော် စာသင်ခန်းနောက်ဆုံးရှိ ကျောက်သင်ပုန်းနားတွင် တဝဲလည်လည်ဖြစ်နေသော ကျန်းရှင်းယွင်က သူ့ကို တားဆီးလိုက်လေသည်။

The Moon Is Coming To MeWhere stories live. Discover now