The Moon Is Coming To Me

2.4K 312 3
                                    

The Moon Is Coming To Me (Chapter-54.1)

Chapter-54

လင်ချင်းဟယ်က အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ထောင်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး အိပ်ခန်းထဲမှ တိုးတိတ်စွာ ထွက်လာခဲ့သည်။ ထို့နောက် အခန်းတံခါးကိုပိတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။

“ ချင်းဟယ်၊ ထောင်ကျန်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောတယ်…မနေ့က ထောင်ကျန်းကို ဟာ့နန်ဆေးရုံမှာ တွေ့လိုက်တယ်တဲ့…” စူးယွင်က ဖုန်းထဲမှ ပြောလာသည်။

လင်ချင်းဟယ်က ဧည့်ခန်းဘက်သို့ ထွက်လာရင်း မေးလိုက်၏။

“ သူတစ်ယောက်တည်းလား…”

စူးယွင်က….  “တွေ့တဲ့ဝန်ထမ်းကတော့ ထောင်ကျန်းကို မြင်ရုံမြင်ခဲ့တာလို့ပြောတယ်။ အစက ထောင်ကျန်းကို စကားသွားပြောမလို့ပေမယ့် ထောင်ကျန်းက မျက်နှာသိပ်မကောင်းလို့ ဘာမှမပြောဘဲ ထွက်လာခဲ့တာတဲ့…”

လင်ချင်းဟယ်က စူးယွင်ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ဖုန်းချပြီးနောက်တွင် သူထောင်ရှီးကို သွားနှိုးမည်ကြံလိုက်သော်လည်း ထောင်ရှီးက အိပ်ခန်းထဲမှပင် ထွက်လာပြီး ဆံပင်များထိုးထိုးထောင်ထောင်နှင့် သူ့ဘေးတွင်လာရပ်နေသည်။ မို့တက်နေသော မျက်ဝန်းတစ်စုံကမူ သူ့အား ငူငူငေါင်ငေါင်နှင့် ငေးကြည့်နေ၏။

လင်ချင်းဟယ်မှာ မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး လက်ကိုမြှောက်လျက် ထောင်ရှီး၏ဆံပင်လေးကိုဖွရင်း ပြောလိုက်၏။

“ သန့်ရှင်းရေးသွားလုပ်ချည်၊ မနက်စာက အဆင်သင့်ဖြစ်နေပြီ…”

ထောင်ရှီးက ထိုင်းမှိုင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ သူ့ကိုယ်သူ မှန်ထဲတွင် မြင်လိုက်ရသောအခါမှ မျက်နှာအကြီးအကျယ် ပျက်သွားရတော့၏။ မှန်ရှေ့တိုးကြည့်လိုက်သည့်အခါ သူ့မျက်ရစ်နှစ်ထပ်က မို့တက်ကာ ဖောင်းကားနေသည်။ ခုဏက လင်ချင်းဟယ် ရယ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။

The Moon Is Coming To MeDonde viven las historias. Descúbrelo ahora