The Moon Is Coming To Me
Chapter-1ဇူလိုင်လအစောပိုင်း၏ နေဝင်ချိန် ညနေဆည်းဆာကောင်းကင်ယံတွင် ခရမ်းရောင် တိမ်စိုင်တိမ်လိပ်များက ဝင်လုဆဲဆဲနေမင်းကြီးကို တစ်ဝက်တစ်ပျက် ဖုံးအုပ်နေသည်။ စာသင်ခန်းဟောင်းလေးထဲတွင် ပြင်းထန်သောနွေရာသီအပူဒဏ်ကို တိုက်ထုတ်ပေးနေသည်မှာ တကျွိကျွိမြည်နေသော သံပန်ကာလေးတစ်လက်သာဖြစ်၏။
ဤအချိန်ကာလက ခရိုင်တစ်ဝှမ်းလုံး၌ နောက်ဆုံးစာမေးပွဲဖြေဆိုပြီး၍ သုံးရက်မြောက်နေ့ဖြစ်သည်။ ချင်းရွှေခရိုင်၊ အ.ထ.က (၁) စံပြအတန်းရှိ ကျောင်းသားများမှာ နွေရာသီအားလပ်ရက်ကုန်ဆုံးရန်သာ စိတ်ရောက်နေကြသော်လည်း စင်မြင့်ပေါ်ရှိဆရာက ထိုင်လျက် မလွတ်တမ်းစိုက်ကြည့်နေသဖြင့် သူတို့အားလုံး စင်မြင့်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ကို မမှိတ်မသုန်ကြည့်နေကြရသည်။
ဖန်သားပြင်ပေါ်တွင်မူ ကီလိုမီတာထောင်ချီဝေးသောအရပ်မှ စာသင်ခန်းတစ်ခန်းဖြစ်၏။
ဝမ်းဟွာ အ.ထ.က (၁)၊ ပထမနှစ်အတန်းမှ သင်္ချာဆရာသည် သင်္ချာပုစၧာများကို တက်ကြွစွာရှင်းပြလျက်ရှိနေပြီး ကျောက်သင်ပုန်းကမူ ပုံသေနည်းများဖြင့် ပြည့်နှက်နေသည်။ သင်္ချာဆရာ၏စကားပြောနှုန်းက အလွန်မြန်လှပြီး စာသင်ချိန်တစ်ချိန်လုံးတွင် မည်သည့်ကျောင်းသားမှလည်း မေးခွန်းတစ်လုံးတစ်လေမျှ ထမမေးခဲ့ကြချေ။ သူတို့အတွက် ဤပုစၧာတွေလောက်လွယ်တာ မရှိတော့သည့်အလားပင်။သို့သည့်တိုင် ချင်းရွှေ အ.ထ.က(၁) မွ ကျောင်းသားများအတွက်မူ ဤပုစၧာများက S-Level အဆင့်ရှိ အခက်တကအခက်ဆုံးမေးခွန်းများပေ။ ၎င်းပုစၧာများကို ဝမ်းဟွာ အ.ထ.က (၁)ရွိ ဉာဏ်ကြီးရှင်ကျောင်းသားများက သင်္ချာစွမ်းရည်တိုးတက်အောင် လေ့ကျင့်သင်ကြားနေကြခြင်းဖြစ်သည်။
ဆင်းရဲနွမ်းပါးသော ခရိုင်ကျောင်းသားများအတွက်မူ ၎င်းပုစၧာများက သူတို့လိုက်မှီနိုင်သည့် အကန့်အသတ်အတွင်းတွင် မရှိသောကြောင့် စာကိုအလေးအနက်ထားပြီး နားမထောင်ကြချေ။
အဘယ်ကြောင့်ဆို သူတို့တစ်လုံးတစ်လေမျှ နားမလည်ကြသောကြောင့်ပင်။