စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ ကျန်းဟောင့်အသက်ကိုတဝကြီးရှူပစ်လိုက်သည်။အလုံးကြီးတစ်ခုတော့ ကျသွားပြီ။ ဒီရက်ပိုင်းစာမေးပွဲကြောင့် ကျန်းဟောင့်မှာ နားချိန်သိပ်မရပဲ ပင်ပန်းခဲ့တာလေ။
"ကျန်းဟောင့်...ငါနဲ့canteenလိုက်ဦးမလား "
သူ့အနောက်ကလိုက်ထွက်လာတဲ့ ရစ်ခီကိုခေါင်းခါပြတော့ သူ့ဘာသာသူထွက်သွားသည်။
မနေ့ညက ဆောင်းဟန်ဘင်းက သူ့ကိုချိန်းသွားတယ်မဟုတ်လား ။ ဖုန်းဆက်လိုက်ရင်ကောင်းမလားလို့တွေးနေတုန်းမှာပဲ ကျန်းဟောင့် အိတ်ထဲက ဖုန်းလေးက အချိန်ကိုက်ကို မြည်လာသည်။contact မှာပေါ်နေတဲ့ စာသားလှလှလေးကိုကြည့်ပြီးရင်ခုန်လာရပြန်သည်။ ပြောရရင် ဒီနေ့က သူတို့dateကြမယ့်ပုံစံပဲမဟုတ်ဘူးလား။ ကျန်းဟောင့်ကတော့ အဲ့လိုပဲဆွဲတွေးလိုက်တာပဲ။
" ဟဲလို "
" ေဖြပြီးပြီလား "
"အွန်းခုပဲ "
"ဒါဆို ဆင်းလာခဲ့တော့..ကိုယ်မင်းတို့စာမေးပွဲ အဆောင်အောက်မှာ "
ကျန်းဟောင့် အလျင်အမြန်ပဲ လှေကားကနေပြေးဆင်းမိသည်။ ပြီးမှ ခြေလှမ်းတွေကို ရပ်ပြီး အနီးနားမှာရှိတဲ့ မှန်ကိုရှာကာ ကိုယ့်ပုံစံကိုယ်ဘယ်လိုဖြစ်နေသလည်းကြည့်ရသေးသည်။
အောက်ရောက်တော့ ဆောင်းဟန်ဘင်းစီးနေကြ ကားလေးက ထိုးရပ်ထားပြီး ဆောင်းဟန်ဘင်းကတော့ ကားကိုမှီကာ ဖုန်းကြည့်နေသည်။
အဲ့ပုံစံက သေအောင်လန်းလွန်းလို့ ကျန်းဟောင့်ရင်တွေတောင်ခုန်လာရသည်။
ဘေးနားက ကောင်မလေးတွေကတော့ ဆောင်းဟန်ဘင်းကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြသလဲတော့မသိ။ တချို့ဆို ဆောင်းဟန်ဘင်းရှေ့ကနေ ခဏခဏဖြတ်လျှောက်နေကြတာ။
ကျန်းဟောင့် လည်း သူ့ရှေ့ကိုသွားရပ်လိုက်တော့ ဖုန်းသုံးနေရာကနေမော့ကြည့်ပြီး ပြုံးလာသည်။
ကားတစ်ခါးကိုဖွင့်ပေးလာတော့ ကျန်းဟောင့်လည်း ဘာမှမပြောတော့ပဲဝင်ထိုင်လိုက်၏။ကားထဲမဝင်ခင် ဘေးဘီက ကျန်းဟောင့်တို့နှစ်ယောက်ကို စူးစမ်းနေကြတဲ့လူတွေကို ဝေ့ကြည့်ပြီး မျက်နှာတောင် ခပ်မော့မော့လုပ်ထားလိုက်သေးသည်။