ကျန်းဟောင့် ခြေလှမ်းတွေမသယ်နိုင်လောက်တဲ့အထိ ပင်ပန်းနေပေမယ့် ကျောင်းဝန်းထဲက ပြန်ထွက်နိုင်ဖို့ကိုပဲ အာရုံရှိနေခဲ့သည်။ ရှေ့ကိုမမြင်ရတဲ့အထိ မျက်ရည်တွေနဲ့ဝေဝါး နေခဲ့ပေမယ့် ဆက်လှမ်းမိတဲ့ခြေလှမ်းတွေကို တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်တာကြောင့် နောက်ကိုလန်ကျသွားရသည်။
မြေကြီးပေါ်လဲကျမသွားပဲ ရင်းနှီးနေတဲ့ကိုယ့်ငွေ့နဲ့ တစ်စုံတစ်ယောက်ရင်ခွင်ထဲမှာမှန်း ရိပ်မိလိုက်တာနဲ့ ကျန်းဟောင့် ရုန်းပစ်လိုက်၏။
" ကျန်းဟာအို! "
ကျယ်လောင်စွာ အော်လာတဲ့အသံအပြင် လူကိုပါ လက်မောင်းနှစ်ဖက်ကနေ ဆုပ်ကိုင်ကာ ဆွဲလှည့်နေတဲ့ကြားက ကျန်းဟောင့် အတင်းရုန်းပစ်နေမိသည်။
" ကားနဲ့တိုက် မိသွားရင်ဘယ်လိုလုပ်မလဲ....မောင်သာ အနောက်ကမှီအောင်မလိုက်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ !"
" စိတ်တွေဘယ်ရောက်နေတာလည်း...အနောက်ကလှမ်းခေါ်နေတဲ့
ေမာင့်အသံကိုတောင်မကြားရလောက်အောင် စိတ်တွေဘယ်ရောက်နေလည်း...."" ငါ့ကိုလွှတ် "
ကျန်းဟောင့် ရုန်းနေရာကနေရပ်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ ပြောလိုက်မိသည်။
" လာခဲ့ "
ကျန်းဟောင့် မရုန်းတော့တာကိုအခွင့်ကောင်းယူပြီး ဆောင်းဟန်ဘင်းက သူ့လက်ကိုဆွဲကာ သူ့ကားအနားထိခေါ်သွားသည်။
အချိန်အတော်ကြာတဲ့အထိ ကျန်းဟောင့်လည်းဘာမှမပြောမိသလို ဆောင်းဟန်ဘင်းကလည်းကျန်းဟောင့်အရှေ့မှာပဲရပ်နေခဲ့သည်။
ကျန်းဟောင့် သူ့မျက်နှာကိုမော့မကြည့်နိုင်။ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေရင်း မကုန်သေးတဲ့ မျက်ရည်တွေဟာလည်း တသွင်သွင်ကျနေဆဲ ဖြစ်သည်။
ဒီချိန်မှာ ကျန်းဟောင့် ရင်ထဲကို အပ်ကလေးတွေနဲ့ ထိုးနေသလိုခံစားနေရတာပဲသိတယ်။ ဆောင်းဟန်ဘင်းနဲ့ တခြားတစ်ယောက်ဆိုတာကို စဥ်းစားမိတိုင်း သေသွားရင်ကောင်းမယ်လို့ပဲ ခေါင်းထဲတွေးနေမိတယ်။