" Pressure ထိုးကျသွားတာမို့ ဆေးချိတ်ပေးလိုက်မယ် ပြီးရင်တော့ အိမ်ပြန်ခေါ်လို့ရပါပြီ စိုးရိမ်စရာမရှိဘူးနော် "
ဆရာဝန်ရဲ့စကားကို ကျန်းဟောင့် မျက်လုံးမှိတ်ထားရင်းပဲနားထောင်နိုင်သည်။ဆေးရုံကို ရောက်လာမှ သူ သတိပြန်လည်လာတာဖြစ်ပြီး ဆောင်းဟန်ဘင်းလက်ထဲ မူးလဲသွားတာထိပဲ မှတ်မိသည်။
လက်ကလေးတစ်ဖက်ကို လာကိုင်တဲ့အထိအတွေ့ကြောင့် ကျန်းဟောင့်မျက်လုံးလေးဖွင့်ကြည့်မိတော့ ဆောင်းဟန်ဘင်းက သူ့ကို စိတ်ပူနေတဲ့မျက်လုံးတွေနဲ့ကြည့်နေ၏။
" ဟာအို..အဆင်ပြေရဲ့လား..ဘယ်လိုနေလည်း သက်သာရဲ့လား မောင့် ကို ဖြေပါဦး "
အသက် မရှုတမ်းမေးလာတဲ့ စကားတွေကြားတော့ ကျန်းဟောင့် ပြုံးမိပြန်သည်။
သူတကယ် ဆောင်းဟန်ဘင်းကိုချစ်လိုက်တာ။
" သက်သာပါတယ် "
"ခဏလေးပဲနော် ဆေးကုန်ရင်မောင်တို့ပြန်ကြမယ် အဆောင်ကိုမပြန်ပဲ မောင့်တိုက်ခန်းကိုပဲ လိုက်ခဲ့နော် "
ကျန်းဟောင့် ခေါင်းငြိမ့်လိုက်ပါသည်။ သူလည်း နေမကောင်းတဲ့အချိန် ချစ်တဲ့ကောင်လေးနဲ့အတူတူရှိချင်တာမို့။
ဆေးကုန်တဲ့အထိ စောင့်ပြီး ကျန်းဟောင့်လည်း သိသိသာသာ ကို သက်သာလာတာမို့ လမ်းထလျှောက်နိုင်ပေမယ့် ဆောင်းဟန်ဘင်းက စိတ်ပူလွန်ပြီး ပွေ့မယ် တကဲကဲ လုပ်နေလို့ ကျန်းဟောင့် မနည်းတားလိုက်ရ၏။
ကားထဲရောက်တော့လည်း ဆောင်းဟန်ဘင်းက တဖွဖွ အဆင်ပြေရဲ့လား သက်သာလားနဲ့ မေးနေတော့ ကျန်းဟောင့်ရယ်ချင်လာရသည်။
ဆောင်းဟန်ဘင်းက ဘယ်လိုတောင်ချစ်စရာကောင်းလိုက်သလည်း။ အဲ့လောက် ပြာယာခတ်ပြနေမှတော့ ကျန်းဟောင့် ဖြင့် ပိုလို့ ချစ်မိပြီပေါ့။
" ပြုံးတယ်ဟုတ်လား...မောင့် ဟာအို လေးဘာတွေ သဘောကျနေသလည်းပြောပါဦး "
ကားကို စက်နှိုးရင်း ထုံးစံအတိုင်း လက်တစ်ဖက်ကလည်း ကျန်းဟောင့် ပါးလေးကိုလာညှစ်ပြီး ကျန်းဟောင့် လက်ဖဝါးလေးကိုပါ ကိုင်ထားပြန်၏။