30

1.6K 190 8
                                    

ကျန်းဟောင့်တို့နှစ်ယောက် ညစာလွတ်သလို အပြင်ထွက်တဲ့အချိန်က 11နာရီဖြစ်နေပြီ။ တချို့ လူတွေ အိပ်ရာဝင်နေကြသလို တချို့တွေကတော့ အပြင်မှာပဲ ဝိုင်းဖွဲ့ကာ သောက်တဲ့သူက သောက် စကားပြောတဲ့သူက ပြောကြနဲ့။

ကျန်းဟောင့်မှာတော့ ခရီးမှာအေးဆေးလေးအနားယူရမယ်အထင်နဲ့ တက်တက်စင်ကိုလွဲတာ ခုတော့ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလိုပဲ။

ဘေးက လူကတော့ ကျန်းဟောင့်တစ်ကိုယ်လုံးက အားတွေကိုစုပ်ယူသွားသလိုပဲ တက်ကြွပြီးအားပြည့်နေလိုက်တာဆိုတာ။

ဘေးကနေမျက်စောင်းလှိမ့်ထိုးနေမိတော့ လှည့်ကြည့်လာပြီး ကျန်းဟောင့် နားထင်ကို နမ်းလာပြန်တာ။ပြုံးနေလိုက်တာများ တစ်ကမ္ဘာလုံးအပိုင်ရထားသလိုနဲ့လေ။ ကျန်းဟောင့်မှာသာ တစ်ယောက်ယောက်များ မြင်သွားမလားဆိုပြီး အထိတ်တလန့်နဲ့။

တော်သေးတာက အားလုံးက သူ့အာရုံနဲ့သူမို့ ။ကျန်းဟောင့်တို့နှစ်ယောက် ထွက်လာတာကိုမြင်တဲ့ ရစ်ခီတို့အတွဲက သူတို့ထိုင်နေတဲ့မီးပုံဝိုင်းကနေ လှမ်းခေါ်တာမို့ အဲ့နေရာကိုပဲ ရှေ့ဆင့်နောက်ဆင့်လျှောက်သွားလိုက်သည်။

ကျန်းဟောင့်ကတော့ ထယ်ရယ်ဘေးမှာဝင်ထိုင်လိုက်ပြီး ဆောင်းဟန်ဘင်းကတော့ ကျန်းဟောင့်ဘေးမှာဝင်ထိုင်တာကြောင့် တခြားလူတွေက သို့လောသို့လော မျက်လုံးနဲ့ကြည့်လာတာ။ဆောင်းဟန်ဘင်းကတော့ ဘာနေနေ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံပေမယ့် ကျန်းဟောင့်မှာတော့ အရာရာကိုသတိထားပြီးနေနေရတာလေ။

တစ်ခုခုလွဲသွားလို့ ပါးပါးက ကျန်းဟောင့်နဲ့ ဆောင်းဟန်ဘင်းကို ခွဲပစ်ရင် ကျန်းဟောင့်မှာ ခံစားရမှာ။

" တစ်ခုလောက်မေးလို့ရမလား."

သူတို့ထိုင်နေတဲ့ဝိုင်းထဲက တစ်ယောက်က စကားစလိုက်တာမို့ အားလုံးရဲ့ အာရုံက ထိုတစ်ယောက်စီရောက်သွားရသည်။

" မင်းတို့နှစ်ယောက်က တကယ်ပြတ်ပြီလား "

စကားအဆုံး ကျန်းဟောင့်နဲ့ ဆောင်းဟန်ဘင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။

ချိုချဥ်Where stories live. Discover now