ကျန်းဟောင့် အိမ်ထဲက အိမ်ပြင်မထွက်ရ ဖုန်းလည်း မကိုင်ရတာ သုံးရက်ရှိပြီဖြစ်သည်။စစချင်း ဖုန်းသိမ်းခံရတဲ့နေ့ကဆို ကျန်းဟောင့်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ အခန်းထဲမှာ တစ်ညလုံးငိုနေမိတာ။
ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ ကျန်းဟောင့်သိသွားတာက ငိုနေရုံနဲ့ ဘာမှအဆင်ပြေသွားမှာမဟုတ်ဘူးဆိုတာပဲ။ ကျန်းဟောင့်က အထက်တန်းဒုတိယနှစ်ကတည်းက ကိုယ့်ကိုယ်ကို ဘာလဲဆိုတာဆန်းစစ်မိခဲ့ပြီး အဲ့အချိန်ကတည်းက မာမားနဲ့ပါပါးကိုဖွင့်ပြောခဲ့တာဖြစ်သည်။
အဲ့အချိန်တုန်းကလည်း ခုအချိန်ကာလအတိုင်းပဲ ပါပါးနဲ့မာမားက 3ရက်တိတိ ကျန်းဟောင့်ကိုစကားမပြောပဲနေခဲ့ဖူးသည်။ နောက်ဆုံး ကျန်းဟောင့် ပါးပါးနဲ့မာမားရှေ့ ဒူးထောက်ကာ ငိုမိတော့မှ နှစ်ယောက်လုံး ကျန်းဟောင့်ကိုလက်ခံပေးခဲ့ကြတာဖြစ်သည်။ ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်မှရည်းစားထားရမယ်ဆိုတဲ့ ကတိကိုလည်းပေးခိုင်းခဲ့သေးတာဖြစ်၏။
တကယ်ဆို ကျန့်းဟောင့်က တက္ကသိုလ်ကျောင်းသားဖြစ်နေပြီး အရွယ်ရောက်နေပြီမို့ ရည်းစားထားမိတာလေ။အဲ့တာကို ကလေးထင်နေသေးလို့လားမသိ ဖုန်းပါသိမ်းထားပြီး အိမ်ထဲကနေတောင်ထွက်ခွင့်မပေးတာ ဖြစ်သည်။ အရင်နေ့တွေက အနောက်ကနေလိုက်ပြီး သူပြောတာ နားထောင်ဖို့ ပြောပေမယ့် နှစ်ယောက်လုံးက လက်မခံ။သူတို့အလုပ်သာသူတို့လုပ်ပြီး ကျန်းဟောင့်ကို လျစ်လျူရှူထားသည်။
ပါးပါးနဲ့ မာမားရဲ့ ကျန်းဟောင့် ကိုအပြစ်ပေးနည်းကတခြား မိဘတွေလို ရိုက်နှက်ဆုံးမတာမဟုတ်ပဲ လျစ်လျူရှုထားတာဖြစ်သည်။ တစ်ဦးတည်းသောသားမို့လို့ နည်းနည်းလေးပစ်ထားရင်ကို ဝမ်းနည်းရတာ။
ဒီနေ့တော့ ကျန်းဟောင့် ရအောင် စကားပြောမှဖြစ်မည်ဟုတွေးထားပြီး အခန်းထဲကနေထွက်လာခဲ့လိုက်သည်။ ဒီနေ့က ပါပါးရော မာမားပါ အိမ်မှာရှိတဲ့နေ့မို့ နှစ်ယောက်လုံး ဘယ်မှရှောင်ပြေးလို့မရ။
ကျန်းဟောင့် ဧည့်ခန်းထဲကိုထွက်လာတော့ နှစ်ယောက်လုံး က ဆိုဖာပေါ်မှာထိုင်နေကြပြီး ကျန်းဟောင့်ကိုမြင်တာနဲ့ ထသွားဖို့ပြင်တာကြောင့်