13

2.8K 306 31
                                    

ဒီလိုနဲ့ ကျန်းဟောင့်ရဲ့ ဒုတိယနှစ် နှစ်ဝက် ကပြီးဆုံးခဲ့ပြီဖြစ်သည်။ examရော violin classက နောက်ဆုံးဖျော်ဖြေပွဲကိုပါ ကြိုးစားပြီးအကောင်းဆုံးလုပ်နိုင်ခဲ့တာမို့ ကျန်းဟောင့်ကတော့ စိတ်အေးလက်အေးပဲ။ပြီးတော့ ပိတ်ရက်လည်း 10ရက်ရတာမို့ တရုတ်ကိုပြန်ဖို့အတွက် စီစဥ်နေရသည်။

အစကတော့ ဒုတိယနှစ်တစ်ခုလုံးပြီးမှ ပြန်ဖို့စိတ်ကူးထားပေမယ့် ပါးပါးနဲ့မာမားက တွေ့ချင်လို့ပြန်လာပါဆိုတာမို့ကျန်းဟောင့်ပြန်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဒီကိစ္စကို ဆောင်းဟန်ဘင်းကိုတော့ မပြောရသေး။ ဒီရက်ပိုင်းတောင် သူနဲ့မတွေ့ဖြစ်ကြ။ သူ့စာမေးပွဲရော ကိုယ့်စာမေးပွဲတွေနဲ့ရော နှစ်ယောက်လုံးမအားလပ်တာမို့ morning goodnightက လွဲ ကျန်တာမပြောဖြစ်။ ဒါတောင် ကျောင်းရောက္်မှပဲ တွေ့ရတာ။ အရင်လိုနှစ်ယောက်အတူ ကားလေးနဲ့ဟိုသွားဒီသွားကို မလုပ်နိုင်ကြတာ။

​ေဆာင်းဟန်ဘင်းကလည်း အရင်ကဆို ခဏလေးတောင်မဝေးချင်ဘူးဘာညာနဲ့ အာရွှီးပြီး ခုများတော့ တွေ့ဖို့တောင်မပြော။ ကျန်းဟောင့်ကလည်း အရမ်းတွေ့ချင်နေပေမယ့် သူ့ဘက်ကတွေ့ဖို့ပြောလာတာကိုပဲစောင့်ချင်တဲ့လူမို့ စကားမစ။ ဒါကို အလိုက္်မသိတဲ့ ဆောင်းဟန်ဘင်းကလည်း စာကိုပဲသေချာအာရုံစိုက်လို့ပြောပြီး တွေ့ဖို့ကျတော့မပြော။

အဲ့ဒါကြောင့် ကျန်းဟောင့်ကလည်း တရုတ်ပြန်ဖို့ကိစ္စကို သပ်သပ်မပြောပဲထားလိုက်တာ။ ခုကျမှ ပြန်တွေးရင်း ဆောင်းဟန်ဘင်း စိတ်ဆိုးမလားလည်းကြောက် ရသေး။

ဒီနေ့တော့ နောက်ဆုံးနေ့မို့ ညကတည်းက လာခေါ်မယ်ဆိုပြီး ဆောင်းဟန်ဘင်းက messageပို့ထားတာမို့ ကျန်းဟောင့်လည်း စာမေးပွဲဖြေတဲ့အဆောင်ရှေ့မှာပဲ ရပ်စောင့်နေလိုက်သည်။

10မိနစ်လောက်ကြာတဲ့အထိ ရောက္မလာသေးတာမို့ ကျန်းဟောင့် ဖုန်းခေါ်လိုက်သည်။

" ဘယ်မှာလဲ "

"အင်း..ခုလာနေပြီ "

ဖုန်းထဲကနေ မိန်းကလေးအသံကိုပါကြားလိုက်ရတာမို့ ကျန်းဟောင့် မျက်မှောင်ကုတ်လိုက်၏။

ချိုချဥ်Where stories live. Discover now