10

3.1K 273 17
                                    

ဒီနေ့တော့ ကျန်းဟောင့် ညကအိပ်ရေးဝဝ အိပ်ထားတာကြောင့် အစောကြီးနိုးနေသည်။ ဘေးကလူကတော့ ကျန်းဟောင့်ကို သူ့လက်မောင်းပေါ်တင်ထားပြီး အိပ်မောကျနေ၏။

လက်တွေ ကျင်နေမှာပဲလို့ တွေးလိုက် မိပြီး
ကျန်းဟောင့် သူမနိုးအောင်ဖွဖွလေး အိပ်ရာပေါ်က ထလိုက်ပြီး အခန်းထဲက တိတ်တိတ်လေးထွက်လာခဲ့သည်။

မျက်နှာသစ် သွားတိုက်လိုက်ပြီး ရေခဲသေတ္တာထဲက မနက်စာဘာရှိမလဲရှာပြီး ဆောင်းဟန်ဘင်းနိုးလာရင် အဆင်သင့်စားရအောင် ပြင်ထားဖို့တွေးလိုက်၏။ မနေ့က ကျန်းဟောင့်ကြောင့် ဆောင်းဟန်ဘင်း တော်တော်အလုပ်များသွားရတာလေ။သူ့ သူငယ်ချင်းတွေနဲ့စကားပြောချိန်တောင်မရပဲ ကျန်းဟောင့်ကြောင့် ကျန်းဟောင့်အနောက်ကိုလိုက်လာရရှာတာ။

မနေ့က အဖြစ်အပျက်တွေ ပြန်တွေးမိတော့ ကျန်းဟောင့် နားရွက်ဖျားကလေးတွေရဲတက်လာရပြန်၏။

တကယ်ကြီး ဆောင်းဟန်ဘင်းက သူ့ကိုသဘောကျတယ်တဲ့လေ။ အဲ့လောက်ထိ သူ့စီက မမျှော်လင့်ထားခဲ့တာမို့ ကိုယ်တိုင်နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတော့ မယုံချင်လို့မရ။သူလည်း ဆောင်းဟန်ဘင်းကို အများကြီး အများကြီးသဘောကျနေမိတာ။

အတွေးတွေကိုရပ်ပြီး အဆင်သင့်ရှိတဲ့ ပေါင်မုန့်နဲ့ကြက်ဥ ကိုကြော်ထားလိုက်ပြီး ကော်ဖီ ပူပူလေးပါနှပ်ထားလိုက်သည်။

ဟိုလုပ်ဒီလုပ်နဲ့ပြင်နေတုန်း အနောက်ကနေ ခါးကိုသိုင်းဖက်လာတဲ့ လက်တွေကြောင့် ကျန်းဟောင့် လန့်သွားရသည်။ ခေါင်းလေးငဲ့ကြည့်တော့ မျက်လုံးတွေမပွင့်သေးပဲ ကျန်းဟောင့် ပခုံးလေးပေါ် ခေါင်းမှီထားသည့် ဆောင်းဟန်ဘင်းက လည်ပင်းကိုလည်း သူ့မျက်နှာနဲ့အပ်ကာ နှုတ်ခမ်းတွေနဲ့ ဖိကပ်ထားပြန်သည်။

လူက မရုိးမရွ ဖြစ်လာတာမို့ ရုန်းဖို့ပြင်သော်လည်း ခါးက လက်တွေကို ပိုတင်းကြပ်ပစ်တာလေ။

"ဘာလို့ထလာတာလဲ မောင်ရဲ့ "

" ဟာအိုက အရင်ထသွားတာကို "

အိပ်ရာထကာစ မပီမပြင်အသံလေးကြောင့် ကျန်းဟောင့်ပြုံးလိုက်၏။

ချိုချဥ်Where stories live. Discover now