Taste like Mashmellow

1.4K 138 6
                                    

တစ်နေ့တခြား အောင်မြင်လာတဲ့ ဆောင်းဟန်ဘင်းက အလုပ်လည်းအများကြီးရှုပ်လာသည်။ဒါပေမယ့်လည်း ကျန်းဟောင့်အတွက်တော့ အချိန်ဖယ်ထားတတ်သည်။ ဘယ်လောက်ပဲအလုပ်တွေရှုပ်ပါစေ အိမ်ကို ကျန်းဟောင့်ပြောလိုက်တဲ့အချိန်အမှီပြန်လာလေ့ရှိပြီး တစ်ခါတစ်လေ ညဥ့်နက်ရမယ့် scheduleတွေဆို ကျန်းဟောင့်ကိုပါ ခေါ်သွားလေ့ရှိသည်။

ကျန်းဟောင့်ကတော့ ဝါသနာအရဖွင့်ထားတဲ့သင်တန်းမို့ အများကြီး အလုပ်မရှုပ်ပါ။ ခန့်ထားတဲ့ ဂျူနီယာ ဆရာ ဆရာမ တွေကလည်း ထူးချွန်သူတွေမို့ သူတို့နဲ့ လက်လွှဲထားလည်း စိတ်ချရတာကြောင့် ကျန်းဟောင့်အဆင်ပြေတဲ့အချိန်မှသာ သင်တန်းကိုသွားဖြစ်၏။

ဒီနေ့ကတော့ ဆောင်းဟန်ဘင်းနဲ့အတူ နာမည်ကြီး music showကိုလိုက်သွားဖို့ရန်ရှိသည်။ ထိပ်တန်းentertaimentတစ်ခုရဲ့ အဖွဲ့သစ်လေးရဲ့ debut stageရှိတာကြောင့် ဆောင်းဟန်ဘင်းက အကပိုင်းကို တာဝန်ယူပေးထားရတာ။

ပထမဆုံး stageဆိုတာကြောင့် အမှားအယွင်းမရှိရအောင် သူကိုယ်တိုင် လိုက်ကြည့်ရမှာတဲ့လေ။ ကျန်းဟောင့်ကလည်း အားနေတဲ့လူမို့ ဆောင်းဟန်ဘင်းနဲ့ လိုက်သွားဦးမှာ။

girl group လှလှလေးတွေ တအားပေါတဲ့နေရာကို အိမ်က ရည်းစားများခဲ့တဲ့ သူ့လူကို တစ်ယောက်တည်းလွှတ်လိုက်စရာလား။ ကိုယ့်လူက ယုံကြည်ရတယ်ဆိုပေမယ့်လည်း တစ်ဖက် ကောင်မလေးတွေက single ထင်ပြီး ရေလာမြောင်းပေးလုပ်ရင် ဘယ့်နှယ့်။

ဆောင်းဟန်ဘင်းနဲ့ အနည်းကျဥ်းအလုပ်တွဲလုပ်ဖူးတဲ့ girl group memberတွေကတောင် သူမသိအောင် ဖုန်းနံပါတ်တွေချန်ထားခဲ့တာမျိုးရှိလို့ ကျန်းဟောင့်မှာအမြဲ လွှင့်ပစ်ရတာလေ။

ဒါကြောင့်မို့ ကျန်းဟောင့်ကတော့ ကိုယ့်ရည်းစား အချောလေးနောက် ကောက်ကောက်ပါအောင်လိုက်ရမှာပဲ။

ရည်းစားချောချောလေးရှိတဲ့လူတွေရဲ့ ဒုက္ခပေါ့။
ဒါမျိုးကျ ရည်းစားမရှိတဲ့လူတွေက အေးချမ်းပါတယ်။ ရည်းစားလည်းမရှိတော့ ပူစရာဘယ်ရှိပါ့မလဲ။

မနက်စောစော တည်းက သွားရမှာမို့ alarm မြည်သံဆူဆူညံညံကြောင့် ကျန်းဟောင့် မြက်မှောငျတှကြေုံ့ပွီး လူးလှိမ့်လာရသည်။

ချိုချဥ်Where stories live. Discover now