ကျောင်းဖွင့်တဲ့ရက်တွေမှာတော့ ကျန်းဟောင့်တစ်ယောက်တည်း အားလပ်နေပေမယ့် ဆောင်းဟန်ဘင်းတို့ dance clubကတော့ တခြားကျောင်းနဲ့ projectရှိတာမို့ ကျန်းဟောင့်နဲ့တွေ့ဖို့တောင်မအားပါ။
ဆောင်းဟန်ဘင်းကတော့ အားတဲ့အချိန်တိုင်း ကျန်းဟောင့်ဆီ ပြေးလာဖို့လုပ်ပေမယ့် ကျန်းဟောင့်ကတော့ ပင်ပန်းနေမယ့်ချစ်သူလေးကို စဥ်းစားမိပြီးမလာခိုင်းဖြစ်။ dance clubကိုသွားလည်ချင်တာတောင် လူတွေတအားရှုပ်တာမို့ ကျန်းဟောင့်မှာ violin classကနေပဲ ေငးကြည့်နေရတယ်။
ဒီနေ့လည်း အလုပ်ရှုပ်နေတဲ့ dance club အနားကိုယောင်လည်လည်သွားလုပ်နေမိသည်။ အတန်းတစ်ချိန်တက်ပြီးတာနဲ့ violin classကိုသွားမယ်ဆိုကာ ထွက်လာပေမယ့် ရောက်လာတာက dance club ရှေ့ကို။
ဆောင်းဟန်ဘင်းကိုတောင်ကြိုမပြောဖြစ်ပဲ တိတ်တိတ်လေးလာကြည့်တာဖြစ်သည်။ မဟုတ်ရင် သူရောက်နေတာသိတာနဲ့ ဆောင်းဟန်ဘင်းကသူ့အလုပ်သူလုပ်နိုင်မှာမဟုတ်ပဲ ကျန်းဟောင့်အနားပဲလိုက်ကပ်နေတော့မှာလေ။
မနက်ကဖုန်းဆက်တော့ ဒီညနေတော့ အတူတူညစာစားပြီး သူ့အိမ်မှာပဲ လိုက်အိပ်ဆိုပြီးပြောနေတာမို့ ဒီတစ်ရက်တော့ ဆောင်းဟန်ဘင်းကို တိတ်တိတ်လေးသွားကြိုဖို့တွေးပြီးထွက်လာတာပဲ ဖြစ်သည်။
တခြားကျောင်းက အဖွဲ့ကလည်းလူတွေအတော်များသည်။ ဆောင်းဟန်ဘင်းပြောတာတော့ အကြီးဆုံး stadium မှာလုပ်မယ့် Music show မှာ ဖျော်ဖြေရမှာတဲ့။ ကျောင်းနှစ်ခုရဲ့ ကိုယ်စားပြုအနေနဲ့ထွက်ရပြီး ပွဲက အကြီးကြီးမို့ ဆောင်းဟန်ဘင်းလည်း နေ့နေ့ညည practice roomထဲမှာပဲ အချိန်ကုန်နေရတာဖြစ်သည်။
တွေးမိတော့ စိတ်မကောင်းဖြစ်ရတာမို့ ကျန်းဟောင့်မှာ ဆောင်းဟန်ဘင်း သဘောကျတဲ့ သရေစာမုန့်ကလေးတွေနဲ့ သူသိပ်ကြိုက်တဲ့ အမေရိကာနိုတစ်ခွက်ပါဝယ်လာခဲ့သေးတယ်။
အထဲမဝင်သေးဘဲ ပြတင်းပေါက်ကနေငေးကြည့်နေမိတော့ တနေ့က တွေ့ခဲ့တဲ့ စီနီယာအစ်မက သူ့ကိုမြင်သွားပြန်သည်။
" ဟော...ချောင်းနေပြန်ပြီ ဝင်မလာပဲနဲ့ "
"ဟီး...လူတွေများနေတော့ အလုပ်ရှုပ်မှာစိုးလို့ပါ စီနီယာရဲ့ "