Once We Get Married-1

969 96 8
                                    

နွေဦးရာသီ... မက်သရူးတို့မိသားစု ကိုရီးယားကို ဆယ်နှစ်ကြာမှ ပြန်ရောက်ခြင်းဖြစ်သည် မက်သရူးကတော့ မွေးကတည်းက ကနေဒါမှာ မွေးသူဖြစ်ပီး ဒါက ကိုရီးယားကို ပထမဆုံးရောက်ဖူးခြင်းပင် ကနေဒါမှာမွေးသော်လည်း ကိုရီးယားစကားကို ထမင်းစားရေသောက်ထက် ပိုပြောတတ်သူဖြစ်နေသော ဆယ်နှစ်အရွယ်မက်သရူးလေးမှာ လေဆိပ်ရောက်ကတည်းက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် နေရာအစုံလိုက်ကြည့်နေသည်

"Noona ကိုရီးယားက လှလိုက်တာနော်"

"မက်သရူး ကိုရီးယားနဲ့ ကနေဒါ ဘယ်မှာ ပိုနေချင်လဲ"

အမကမေးလိုက်သောကြောင့် မက်သရူးလေးမှာ နှုတ်ခမ်းထော်ပီး ခနစဉ်းစားနေလိုက်သည် ဖေဖေမေမေတို့မှာလည်း သားလေးရဲ့ အဖြေကို အာရုံစိုက်နေသည်

"Noona ကလည်း သားက ခုမှကိုရီးယားရောက်တာလေ တစ်ပတ်လောက်နေကြည့်ပီးမှ အဖြေကိုပြောပြမယ်"

စကားတတ်လွန်းသော မက်သရူးလေးကြောင့် မိသားစုလေးယောက်နှင့်အတူ လာကြိုသော မက်သရူးဦးလေးဖြစ်သူပါ ပွဲကျကုန်ကြသည်

"အာရီးဂူး ငါတို့ဝူဟွန်းလေး စကားတွေတော်တော်တတ်"

ဦးလေးဖြစ်သူမှာတော့ မက်သရူးရဲ့ချစ်စရာကောင်းမှုကြောင့် ခေါင်းလေးကိုပွတ်ပေးပီး ဆံပင်လေးကို ဖွနေသည်

"ကယ်ကယ် သွားကြမယ် အမေကြီးလည်း ပင်ပန်းနေပီ"

မက်သရူးအဖေက ထပြောမှ ဦးလေးဖြစ်သူက မက်သရူးရဲ့ခေါင်းပေါ်က သူ့လက်ကိုရုတ်လိုက်ပီး မက်သရူးကိုချီကာ အထုတ်တွေဆွဲပီး ကားပါကင်သို့ သွားကြသည် လမ်းတလျှောက်လုံးလည်း မက်သရူးက ပြတင်းပေါက်မှန်ကနေ ဆိုးလ်တစ်မြို့လုံးကို သေချာလိုက်ကြည့်နေသည်

မက်သရူးတို့ကားလေးအိမ်တစ်အိမ်ရှေ့တွင် ကားရပ်လိုက်သည် အိမ်လေးမှာ နေချင်စဖွယ် ချစ်သရာလေးပင် အပင်များဖြင့် စိမ်းလန်းစိုပြည်နေပီး modern အိမ်လေးလည်း ဖြစ်သည်

"ဒါသားတို့နေရမဲ့အိမ်လား"

"Omm သားဦးလေးအိမ်လေ"

"ရေးးး noona ညနေကျ အိမ်ရှေ့ထွက်ဆော့ကြမယ်နော် နော် နော်လို့"

Once We Get Married (mattbin/ binthew)Where stories live. Discover now