မက်သရူးနိုးတာနဲ့ ရေချိုး အဝတ်အစားလဲပီး မနက်စာစားရန် အောက်ဆင်းလာသည်
"မက်သရူးလေး မောနင်း"
'ဟင် ဟန်ဘင်းဟျောင်းရဲ့အမေက အစောကြီး ဘာလာလုပ်တာလဲ'
အရင်ကဆို ဟန်ဘင်းမေမေက အစောကြီးအိမ်လာလေ့မရှိ.. ဟန်ဘင်းနဲ့ ဟန်ဘင်းဖေဖေကျောင်းသွားမှ အိမ်လာလည်တတ်သည်
"မောနင်း အီမို"
မက်သရူး ထမင်းစားပွဲတွင်နေရာယူလိုက်သည် ဖေဖေကတော့ စားပီးလို့ ခြံထဲမှာဦးလေးနဲ့ အပင်စိုက်နေလေရဲ့ မက်သရူးမေမေက
"Hyun ah.. မနေ့က သားတို့နှစ်ယောက်အပြင်တွေဘာတွေသွားသေးလား အိမ်ကိုတန်းပြန်ခဲ့တာလား"
'မနေ့က? ငါကားတိုက်တဲ့အကြောင်းများသိသွားလို့လားမသိ ဗြောင်လိမ်မှပဲ'
"အိမ်ပဲတန်းပြန်လာတာပါ အိုမား"
"အဲ့လိုဆို မက်သရူးရဲ့ဟန်ဘင်းဟျောင်း ကျောင်းမှာရည်းစားတွေဘာတွေများ ရနေပီလား မသိပါဘူး သားရယ်"
"ဗျာ ဘာလို့လဲ အီမို"
မက်သရူး ဟန်ဘင်းမေမေကို မေးလိုက်တော့
"မနေ့က ဟန်ဘင်းကားအနီပေါ်မှာ ဟန်ဘင်းနဲ့ ကောင်မလေးတစ်ယောက်ကို အန်တီ့မိတ်ဆွေကမြင်လိုက်လို့တဲ့"
'ဒါငါနဲ့ဟန်ဘင်းဟျောင်းကို လူမှားပြောတာဖြစ်မယ်'
"Ahh ကျောင်းမှာ ဟန်ဘင်းဟျောင်းရဲ့အတန်းက queen နဲ့ ဟျောင်းကိုတော့ ခနခနတွဲမြင်ဖြစ်တယ်" (အချွန်နဲ့မတာနော် ဆော့မက်ချူး)
ဟန်ဘင်းမေမေလည်း ဟန်ဘင်းကိုပဲသေချာမေးကြည့်လိုက်အုန်မယ်ဆိုပီး ပြန်သွားသည် ကားပွန်းသွားတဲ့အကြောင်းကိုတော့ မသိသေးဘူး ထင်တယ် ဘာမှမပြော... မက်သရူး ကျောင်းရောက်တာနဲ့ ဂျူနာ့ဆီအပြေးသွားတွေ့လေသည် ဟန်ဘင်းကတော့ထုံးစံအတိုင်း Keita နဲ့ ကန်တင်းမှာ ဝင်ထိုင်နေသည်
မက်သရူး ဂျူနာနဲ့သာယာနေတုန်း ဖုန်းဝင်လာသည် ဖုန်းနံပါတ်ကတော့ မသိ..
"ဂျူနာ ခနနော်"
မက်သရူး ကျောင်းခန်းထဲက အပြင်ထွက်ပီး ဖုန်းကိုင်လိုက်သည်
YOU ARE READING
Once We Get Married (mattbin/ binthew)
Fanfictionငယ်ငယ်လေးကတည်းက ခင်လာကြတဲ့ သူနှစ်ယောက်.. ကံကြမ္မာက လက်ထပ်ဖို့ဖန်လာတဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခု သူတို့နှစ်ယောက်ကြား ပေါက်ဖွားလာနိုင်မလား Mattbin/ binthew